ကိုယ့်သဘော ကိုယ့်ဆန္ဒတစ်ခုနဲ့
ဒီရင်ခွင်ကို စိုက်ပျိုးခဲ့တာပါ
ဘာကြောင့် ဒီရင်ခွင်က
အတိတ်ဆိုတဲ့ လောင်းရိပ်အောက်မှာ
မရှင်သန်နိုင်လောက်အောင်ဖြစ်နေတာလဲ ။
ဒီ...လောင်းရိပ်ကြောင့်
ညိုးနွမ်းနေတဲ့ ရင်ခွင်ကို ဘယ်သူက
ရေလောင်းပေါင်းသင်နေသလဲ ။
ငါကိုယ်တိုင် လား ဒါမှမဟုတ် တခြားသူတစ်ယောက်လား ။
အဖြူ နဲ့ အမည်း တစ်လှည့်စီဖြစ်နေတဲ့
နေ့ နဲ့ ညတွေမှာ ဒီလောင်းရိပ်ကိုတွေ့တိုင်း
ငါဘာကြောင့် ရွံ့ရှာမုန်းတီးနေရတာလဲ .။
တကယ်လို့သာ ဒီလောင်းရိပ်ကို
အတိတ်ကတည်းက ငါဂရုစိုက်မိခဲ့ရင် ... ။
နှလုံးသားတစ်စုံရဲ့ မသိခြင်းများဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က
စာသားတွေကို ငါကိုယ်တိုင် နားမလည်ခဲ့တာက
လောင်းရိပ်တစ်ခု အောက်ကိုရောက်ဖို့တွန်းအားတွေ
ဖြစ်စေခဲ့တာပေါ့ .။
မိနေတဲ့ လောင်းရိပ်တွေကွယ်ပျောက်သွားတဲ့
တစ်နေ့မှာတော့
ကြယ်စုံ ခမယ့် ညတွေကို ငါမြင်ချင်သေးရဲ့ .....။
လောင်းရိပ်မိတဲ့ ရင်ခွင်
Subscribe to:
Post Comments (Atom)
3 ယောက်ကဒီလိုထင်တယ်:
မြင်စေသတည်း... ကြယ်စုံခတဲ့ညတွေ မြင်စေသတည်း... :D ကောင်းတယ်...
ကြယ်စုံခတဲ့ညတွေ အမြန်ဆုံးမြင်နိုင်ပါစေဂိုးဒင်းစကိုင်း...
ကြယ်စုံ ခတဲ့ညတွေ အမြန်ဆုံးရောက်ရှိပါစေရှင်...
Post a Comment