နားထောင် ...း)))



ဘယ်ကဘယ်လိုစရေးရမလဲ မသိဘူး ။ ရေးတော့ရေးမှရမယ် :P ။ ကျွန်တော်လည်းဘလော့မှာ ကိုယ့်အကြောင်းဘာညာတော့ သိပ်မရေးဖြစ်ဖူး ။ အခုတော့ ရေးလိုက်တော့မယ် သိချင်တဲ့သူများရှိရင်နားထောင် :D ။ကျွန်တော့်မှာ မွေးလာကတည်းက ဖေဖေပေးထားတဲ့နာမည်တစ်လုံးရှိတယ် ။ အခုထိလည်းအဲဒီ နာမည်နဲ့ရပ်တည်နေပါတယ် ။ သူငယ်ချင်းတွေခေါ်တဲ့ နာမည်ပြောင်တွေကတော့ ရေးရင်ကုန်မှာမဟုတ်လို့ မရေးတော့ပါဘူး ။ အခုရေးနေတဲ့ ဘလော့နာမည်ရွှေရောင်ကောင်းကင်လို့ သိထားရင်လုံလောက်မယ်လို့ ထင်ပါတယ် :D ။ အခုကတော့ စာသင်နေတဲ့ကျောင်းသားတစ်ယောက်ပါ ။ အရောင်ဆိုရင်တော့ အနက်ရောင်ကို အရမ်းကြိုက်ပါတယ် ။ ငယ်ငယ်လေးကတည်းက မေမေတို့ရဲ့အယူသီးမှုတွေကို ဆန့်ကျင်ပြီးအနက်ရောင်ကို ကြိုက်လာတဲ့သူပါ ။ အ၀တ်အစားဆိုရင်တော့ ကိုယ်နဲ့လိုက်ဖက်မဲ့ အ၀တ်အစားဆိုရင်အကုန်ဝတ်ပါတယ် ။ ကျွန်တော်လူမှန်း သိတတ်စကတည်းက ကိုယ်နဲ့ထပ်တူရှိခဲ့တာဆိုလို့ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ပဲ ရှိပါတယ် ။ ကျန်တာတွေကတော့ ဘယ်ရောက်ကုန်မှန်းမသိဘူး :) ။

အားနေတဲ့အချိန်တွေမှာတော့ ဘာလုပ်လဲလို့မေးရင် ?? စာရေး ၊စာဖတ် သီချင်းနားထောင်ပါတယ် ။ စာရေးဆရာတွေထဲမှာဆိုရင်တော့ မင်းခိုက်စိုးစန် ရဲ့ ကဗျာတွေ ၊ ပြီးတော့ မောင်လှမျိုး ၊တာရာမင်းဝေ ၊အကြည်တော်တို့လည်း ကြိုက်ပါတယ်။ သီချင်း နားထောင်တာကတော့ ငယ်ငယ်ကတည်းက အနှစ်သက်ဆုံးပါပဲ ။ နားထောင်လို့ကောင်းတယ် ၊ခံစားမှုရှိတဲ့ သီချင်းဆိုရင်အကုန်နားထောင်ပါတယ် ။ ကျွန်တော့်ဘ၀မှာ အချစ်ဆုံးသူကတော့ မေမေ နဲ့ စနေသမီး :))) ။ အချစ်နဲ့ပတ်သတ်ရင်တော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးနိုင်ပြီး ၊ လေးနက်တဲ့အချစ်ကအကောင်းဆုံးလို့ထင်ပါတယ် ။ အဲလိုအချစ်ကိုပဲ တန်ဖိုးထားပါတယ် ။ အမုန်းနဲ့ပတ်သတ်ရင်တော့ မခံစားဖူးဘူး ။အသည်းတော့ကွဲဖူးတယ် ဘယ်လိုကွဲဖူးလဲလို့မေးရင်တော့ မဖြေချင်တော့ဘူးဗျာလို့ပဲ ပြောမိမှာပါ ။ ဘ၀နဲ့ပတ်သတ်ရင်တော့ ကြိုးစားနိုင်တဲ့အရည်အချင်းရှိတယ် ၊ အနေအထားရှိနေသရွေ့ကြိုးစားနေပါတယ် ။ အောင်မြင်တာ မအောင်မြင်တာကတော့ ကံ နဲ့ပဲဆိုင်မယ်လို့ထင်ပါတယ် ။ ကြိုးစားနေသရွေ့ အောင်မြင်နေမယ်လို့လည်း ယုံကြည်ပါတယ်။ အပြောချင်ဆုံးစကားတစ်ခွန်းက "လောကမှာနေတတ်ရင် ကျေနပ်စရာတွေကြီးပဲ "။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်က လူသားအားလုံးကိုခင်တတ်ပါတယ်။ သူငယ်ချင်းတွေကိုလည်း အရမ်းခင်ပါတယ် ။

(ကဲ...မမီးငယ်ရေ Tag ထားတာနဲ့ပတ်သတ်လို့တော့ရေးပြီးသွားပြီနော် ။ ကျေနပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ် ။)

အခုနောက်ပိုင်းမှာ ကျွန်တော်လည်းကျောင်းတက်နေရလို့ ဘလော့မှာ ပို့စ်တွေသိပ်တင်နိုင်မှာမဟုတ်ပါဘူး ။ ၀ထ္ထုတိုတွေရေးထားတာတော့ရှိပါတယ် အလျင်းသင့်သလို့တင်သွားပါ့မယ် ။ ကျောင်းကလည်း တစ်ပတ် (၆) ရက်တစ်နေကုန်တွေတက်နေရလို့ မအားတော့ပါဘူး ။