သူတို့နှစ်ဦး စစ်ခင်းနေကြပြီ ။တစ်ဦးက အရာရာကိုသိမြင်နားလည်းသဘောပေါက်နဲ့သူ... နောက်တစ်ဦးကတော့အရမ်းကိုဆွဲအား ၊ညို့အားပြင်းတဲ့သူ ...။သူတို့နှစ်ဦး ယခုစစ်ခင်းနေကြပြီ.။တခါတလေအရာရာကို သိမြင်နားလည်သဘောပေါက်တဲ့ သူကအနိုင်ရသွားသလို တခါတလေတော့လည်း အရမ်းကိုဆွဲအားညို့အားပြင်တဲ့သူက အနိုင်ရသွားတတ်တယ်.။သူတို့နှစ်ဦးအပြန်အလှန် အသေအကြေထိုးစစ်ဆင်နေကြတယ်.... တချို့ တချို့က အရာရာကိုသိမြင် နားလည်သဘောပေါက်တဲ့သူကို အနိုင်ပေးချင်ကြတယ်.... အနိုင်ပေးလိုက်ကြတယ် ... တချို့ တချို့ကျတော့ အရမ်းကိုဆွဲအားညို့အားပြင်းတဲ့သူကိုအနိုင်ပေးချင်ကြတယ်... အနိုင်ပေးလိုက်ကြတယ်.. ။
သူတို့နှစ်ဦး အသေအကြေစစ်ထိုးကြရင်း တခါတလေမှာ စစ်မြေပြင်ကြီးကမခံနိုင်တဲ့ အဆုံးပြိုခဲပျက်ဆီးသွားတာလည်း ရှိတယ်...။အရာရာကိုသိမြင်နားလည်သဘောပေါက်နေတဲ့သူကအရာရာတိုင်းကိုသိနေတယ် ...သဘောပေါက်နေတယ် ဆွဲအားညို့အားပြင်တဲ့သူဆီမှာလည်း အရမ်းကိုဆွဲအားညို့အား ကောင်းတဲ့Power တွေရှိနေတော့သူ့ကို ဘယ်သူမှ မစွန့်ခွာနိုင်ဘူးဖြစ်နေတယ်...အရာရာကိုသိမြင်နားလည်သဘောပေါက်နေတဲ့သူရဲ့အားသာချက်က ဟိုးအဝေးကြီးကအရာတွေကို ကြိုမြင်နေတယ်...။ဒါပေမယ့် အရမ်းကိုဆွဲအားညို့အားပြင်တဲ့သူနဲ့တွေ့ရင်တော့ အရာရာတိုင်းဟာေ၀၀ါးသွားတက်ပြန်တယ်..။ သူကလွဲပြီးဘယ်သူမှမမြင်တော့ဘူး...သူတို့နှစ်ဦးက တခါ တလေမှာဘယ်သူ့ ဘယ်သူ့မှ အလျှော့မပေးကြဘူး.... အဲ့ကျရင်တော့ ဘယ်သူ့ ဘယ်သူ့မှမနိုင်ပဲ စစ်မြေပြင်ကြီးကသာ ပြိုလဲပျက်စီးသွားရတယ်။ တခါတလေတော့လည်း သူတို့နှစ်ဦးစစ်ပြေငြိမ်းပြီးငြိမ်းချမ်းရေးယူလိုက်ကြတယ်... ဒါပေမယ့် သူတို့နှစ်ဦးမှာ ကြီးမားတဲ့အတ္တတွေကိုယ်ဆီရှိကြတဲ့ အတွက်စစ်ပြေငြိမ်းတာလည်း ထာဝစဉ်မမြဲကြဘူး... သူတို့နှစ်ဦး ဆက်လက်တိုက်မယ်ဆိုရင်ကော ဘယ်သူ့ကိုအနိုင်ပေးသင့်လဲ... ဒါမှမဟုတ် စစ်ပြေငြိမ်းပြီး ငြိမ်းချမ်းရေယူမလား...။
(ဒီပို့စ်လေးက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရေးတာပါ.။ ဘာကိုဆိုလိုတာလဲဆိုတာကိုတော့ စာဖတ်သူပဲ တွေးပေးပါ

