လွမ်းခဲ့ဖူးတဲ့ ကောင်းကင်

အပိုင်း (၁)

၂၀၀၂ ခုနှစ် မေလ..
“ သားကဘာလုပ်လဲ ကျောင်းတက်နေတုန်းပဲလား " ကျွန်တော့်ချစ်သူမေသက်နှင်း မေမေရဲ့မေးသံ ။ အခန်းကြီးတစ်ခန်းလုံးကလည်း တိတ်ဆိတ်နေတယ် ။ မေသက် ကဒီနေ့မှသူ့အမေနဲ့လိုက်တွေ့ဆိုလို့ လိုက်လာရတာ ရုတ်တရက်ကြီးဆိုတော့ ဘာမှမပြင်ဆင်လာခဲ့ရဘူး ။
“ဟုတ်ကဲ့ကျွန်တော်ဒဂုံတက္ကသိုလ်မှာ ရူပဗေဒအထူးပြုနဲ့ အဝေးသင်တတိယနှစ်တက်နေပါတယ် ၊ တဘက်ကလည်း လသာလမ်းကစာပုံနှိပ်စက်တစ်ခုမှာ စာရေးဝင်လုပ်နေပါတယ် ။"
“သားအလုပ်လုပ်တာ တစ်လကိုပိုက်ဆံဘယ်လောက်ရလဲ "
“တစ်လကို တစ်သောင်းခွဲပါခင်ဗျ အပိုချိန်ပါ ပါပြီးပေါ့ "
"တစ်သောင်းခွဲဆိုတာ အန်တီ့သမီးကိုပေးတဲ့တစ်နေ့စာမုန့်ဖိုးပဲရှိတယ် ။"
“ဟုတ်ကဲ့ ကျွန်တော်သိပါတယ် .."
“အန်တီကတော့မင်းတို့လူငယ်သဘာဝချစ်ကြတာကိုနားလည်ပေးလို့ရပါတယ် ဒါပေမယ့်နောက်လက်ထပ်ဖို့ဘာဖို့ တို့ဆိုအန်တီတို့သမီးရှင်အနေနဲ့အများကြီးထည့်စဉ်းစားရလိမ့်မယ် ။သားကိုတစ်ခုတော့ပြောလိုက်မယ် သားတို့အခြေအနေနဲ့ အန်တီတို့အခြေအနေကအရမ်းကွာလွန်းနေတယ်။"
“ဗျာ ..... "


ကျွန်တော့်မှာအဲဒီဗျာဆိုတဲ့စကားတစ်လုံးကိုပဲကောင်းကောင်းပြောနိုင်တော့ပါတယ်။ ကျွန်တော်ထင်ထားတာကအခုခေတ်မှာ အဲဒီလိုအဆင့်အတန်းခွဲခြားတာတွေမရှိနိုင်တော့ဘူးလို့ပဲထင်ခဲ့တာ ။ကျွန်တော့်ချစ်သူမေနှင်းကလည်းမိဘတွေကိုဘယ်တော့မှစိတ်ဆင်းရဲအောင်မလုပ်ဘူးတဲ့ ။အဲဒီတော့......။နောက်ပိုင်းမှာ မေသက်ကစင်္ကာပူမှာကျောင်းသွားတက်မယ်လို့ပြောတယ်...။အဲဒီနောက်ကျွန်တော်တို့နှစ်ယောက်ကွဲကွာသွားခဲ့တယ် ။အချိန်တွေကပျံသန်းသွားတယ် လကနေနှစ် .၊နှစ်တွေကတဖြည်းဖြည်းနဲ့ပဲကုန်ဆုံးသွားတယ် ။ ကျွန်တော်လည်းကျောင်းပြီင်္းတော့ အလုပ်ကိုပဲကြိုးစားလုပ်ကိုင်ဖြစ်တယ် ။ အခုဆိုကျွန်တော့်အသက်က ၂၈ နှစ် လူပျိုကြီးဆိုတဲ့ဘောင်ကိုဝင်လာခဲ့ပြီ...။ဓာတ်လိုက်ခံခဲ့ရဖူးတဲ့နှလုံးသားက အချစ်ကိုထပ်ပြီးမမွေးထုတ်နိုင်တော့ဘူးနဲ့တူတယ် ဘယ်သူ့ကိုမှချစ်လို့မရခဲ့ဘူး ။ ကျွန်တော့်အဖြစ်က အသည်းကွဲတယ်လို့ပြောရလည်းခက်၊ချစ်သူနဲ့ပြတ်သွားပြီလားဆိုတော့လည်းမဟုတ်ဘူး။ ပြောရတော့တော်တော်ခက်တယ်။ဒါပေမယ့်မေသက်နဲ့ကသူနိုင်ငံခြားထွက်သွားပြီးကတည်းက ကျွန်တော်နဲ့အဆက်သွယ်ပြတ်သွားခဲ့တာ ။ အခုဆို ၆ နှစ်ရှိခဲ့ပြီပေါ့ ။ အချိန်တွေကြာလာတာနဲ့ အသက်တွေကြီးလာတယ် ၊ ရင့်ကျက်မှုတွေတိုးလာတယ် ၊ ဘ၀အကြောင်းကိုသိသင့်သလောက်တော့သိခဲ့ပြီ ။

လက်ရှိတော့အလှကုန် ကုမ္မဏီတစ်ခုမှာအရောင်းမြှင့်တင်ရေးလုပ်နေပါတယ် ။ အများအားဖြင့်တော့မိန်ကလေး အလှကုန်အသုံအဆောင်ပစ္စည်းတွေကိုရောင်တဲ့အလုပ်ပါ။ ဒီအလုပ်ကလည်းသိပ်တော့အဆင်မပြေလှပါဘူး ။ ဒါပေမယ့်ကြံရည်ဖန်ရည်လေးရှိရင်တော့အမြတ်အစွန်းများများရနိုင်တယ်လေ ။ ကြံရည်ဖန်ရည်ဆိုလို့တစ်မျိုးမထင်နဲ့ဦး ။ ကျွန်တော့်အလုပ်က နယ်တွေဘာတွေလည်း သွားရောင်းရတယ် အဲဒီမှာ ကျွန်တော်တို့ ကုမ္မဏီကမဟုတ်ဘဲ တခြားပစ္စည်းတွေကို ပါထည့်ရောင်းတာပေါ့ ။ဒါကတော့ကိုယ်ပိုင်ပိုက်ဆံလေးနဲ့ရင်းပြီး လုပ်ရတာပေါ့ ။ မြန်မာပြည်အထက်ပိုင်းဆိုရင် ယိုးဒယားပစ္စည်း၊.မြန်မာပြည်အောက်ပိုင်းဆိုရင် တရုတ်ပစ္စည်း ... တွေပါထည့်ရောင်းတယ် ။ခိုးကြောင်ခိုးဝှက်ရောင်းရတာဖြစ်ပါတယ်၊ ကုမ္မဏီက သိရင်အထုအထောင်းခံရသေးတယ် ။


“ဟယ်အဆင်လေး နင်မလာတာကြာပြီနော် ငါကနင်တို့ ဆီကမလာတော့ဘူးလို့ထင်နေတာ ၊ ငါတို့လည်းပစ္စည်းလိုနေတာ နင်ရောက်လာနဲ့အတော်ပဲ "
“ဟုတ်ကဲ့ကျွန်တော်တို့လည်းဒီဘက်ကိုမရောက်ဖြစ်တာ ကြာသွားလို့ပါ ၊ ပစ္စည်းတွေကတော့အသစ်တွေကြီးပဲ ဘာတွေယူမယ် ဆိုတာပြောပါဦး ... ဒီမှာကတ်တလောက်ပါ ... ဒါကတော့ပန်းဖလက် ..၊ အဲဒါတွေ အကုန်ရပါတယ် မမတို့အကြိုက်တွေဖြစ်မှာပါ ။ "
မမ လို့သာသုံးလိုက်ရတာ အခုဝယ်နေတဲ့သူက နည်းနည်းခြောက်တယ် .. ဒီလိုပါပဲ ၀ယ်သူကိုအဆင်ပြေအောင်ပြောပြီး ကိုယ့်ပစ္စည်းရောင်းထွက်ဖို့က အရေးကြီးတယ်မဟုတ်လား ။မိန်းကလေးတွေတော်တော်များများက အသက်ကြီးပြီင်္လို့ဘာတို့ဆို သိပ်မကြိုက်ဘုးလေ.. ဆိုင်တစ်ဆိုင်ကို စ၀င်တာနဲ့ အမကြီးလှလို့ဝလို့ပါလား ဘာညာပေါ့ အဲဒီလိုလေးနူတ်ဆက်ပေးမှလည်း အရောင်းသွက်တယ် razz
“ချာလီဆေးဗား ဗူးကြီးက တစ်ဒါဇင် ၊ ဘော်ဒီစပရေးက တစ်ဖာ ၊ မတ်စ်ဖတ်တာ ကတစ်ဒါဇင် ၊........ ......... ...... ....... အဲဒါတွေကို ပေး .."
တစ်နေ့နဲ့ တစ်နေ့ကပစ္စည်းတွေကို ဟိုပို့ဒီပို့နဲ့ ပိုက်ဆံတွေနဲ့ပဲကုန်ဆုံးနေတယ် ။ အိမ်ကိုဆို ညမိုးချုပ်မှပြန်ရောက်တယ် .။

“သား... ပြန်လာပြီလား .. "
မေမေ့မျက်နှာမှာလည်းမျက်ရည်တွေနဲ့ ကျွန်တော်လည်းစိုးရိမ်ထိပ်လန့်သွားပါတယ် ..။
“မေမေ ဘာဖြစ်လို့လဲ ဘာတွေဖြစ်ကုန်လို့လဲ ပြောပါဦး"
“သား ... ညီလေးအခု အချုပ်ခန်ထဲရောက်နေတယ် .. လုပ်ပါဦးသားရယ် သားညီကိုကယ်ပါဦး "
“ဘာဖြစ်လို့ညီလေးက အချုပ်ထဲရောက်ရတာလဲ ပြောပါဦး .."
“ရန်ဖြစ်တာတဲ့သားရယ် အမေလည်းစောနကမှသိတာ သားညီရိုက်လိုက်တဲ့ကောင်လေးက ခေါင်းကွဲသွားတယ် ငါးချက်ချုပ်ရတယ်တဲ့ ။"

အင်းကျွန်တော့်မှာလည်း ချစ်ခင်တွယ်တာရဆုံးကတော့ မေမေ နဲ့ညီလေးပါပဲ ။ ညီလေးကအခုဆို ၁၀ တန်းအောင်ပြီးပြီ ။ သူ့ကိုတော့ဘာမှမလုပ်ခိုင်းပဲ မေမေနဲ့ပဲအတူနေခိုင်းထားတယ် . ။ လူငယ်ဆိုတော့လည်း ဆိုးတာလည်းရှိပါတယ် ။ အခုလိုပေါ့ ။ မေမေကလည်း အသက်ကြီးတော့ အရင်တုန်းကဈေးရောင်းတဲ့အလုပ်ကို မလုပ်ခိုင်းတော့ဘူး ။ မေမေက ကျွန်တော်ငယ်စဉ်ကတော့ ကုန်စိမ်းရောင်းပြီကျောင်းထားခဲ့တာ ။ အခု တော့ညီလေးကို အချုပ်ခန်းထဲကထွက်ရအောင် လုပ်ပေးရဦးမည်။ အချုပ်ထဲကထွက်ရဖို့ကလည်း သိတဲ့အတိုင်းပဲရေလေးကတော့လောင်းရပေဦးမည် ။ ကျွန်တော့်အိပ်ကပ်ထဲကြည့်လိုက်တော့ ငွေစတချို့ခုန်ဆင်းဖို့ပြင်ဆင်နေကြပေပြီ။

(ဤစာများသည် စိတ်ကူးသက်သက်မျှသာဖြစ်ပါတယ် ၊ မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ပြီးရေးသားခြင်းမဟုတ်ပါ ။)

ကျွန်တော့်ရဲ့စိတ်ကူးများ စတင်ပုံဖော်ဖြစ်ခြင်း




ကျွန်တော့်ရဲ့စိတ်ကူးတွေကိုဘလော့မှာ ပုံဖော်ဖြစ်တာကတော့ မနှစ်ကပေါ့ဧပြီလတုန်းက စခဲ့တာပါ။ ဘာရယ်တော့မဟုတ်ပါဘူး ။ ကျွန်တော့်သကောကြီး က ဘလော့လုပ်တော့ကျွန်တော်လည်း ဘလော့လုပ်ချင်တယ်လို့ပြောပြီး သကောကြီးကူညီမှုနဲ့စလုပ်ဖြစ်ခဲ့တာ ။ ဘလော့လုပ်ဖြစ်တော့လည်း ဘာရေးလို့ ရေးရမှန်းလည်းမသိဘူး ။ ကျွန်တော်က ကဗျာဆိုလည်းကောင်းကောင်းမရေးတတ် ၊ဆောင်းပါးကျတော့လည်း မတောက်တစ်ခေါက်နဲ့ပဲ ဟိုရေးဒီရေးနဲ့ အခုချိန်ထိပါပဲ ။ စိတ်ကူးပေါက်ရာတွေကို များသောအားဖြင့်ရေးဖြစ်ပါတယ် ။ နည်းပညာပိုင်းဆိုတော့လည်းပိုဆိုးတယ် ဟီး....။ သုံးတက်ရုံအဆင့်ပဲရှိတာကိုး ။ ကျွန်တော့်ရဲ့စိတ်ကူးပုံဖော်မှု ကတော့ဒါပါပဲ။

ဒီစာကိုရေးဖြစ်တာကတော့ ကျွန်တော့်ကိုဒီအကြောင်းမရေးရင် သတ်မယ်ဆိုတဲ့ မိုးသည်း ကြောင့်ပါ။ ကျွန်တော့်သူငယ်ချင်းထဲမှာတော့ သူကအဆိုးဆုံးပဲ ။ ကျန်တာတော့မပြောတော့ဘူး ပြောရင်သူ့ပိုင်ရာဆိုင်ရာက လာထိုးလိမ့်မယ်. ။ ဟီး.......။

What Is Happiness? ,What is life? ,What is love?

What Is Happiness?

Happiness is a mental state which can be attained through the culture of the mind, and is therefore different in origin to physical sources such as wealth , name , fame , social position and popularity which are merely temporary sources of happiness. Whatever we do, we do essentially for happiness, though you may perhapes say this for money, that is for power ,but actually whatever we do is really for happiness. Even in religion what we do is done for happiness, but do we attain it ? No ., why ? Because we look for hapiness in the wrong places .Power , name or fame may be a temporary source of happiness , but when people lose their name or fame or power they are in a state of anxiety(worry) .Somepeople think that a partner , a good congenial ,may be a source of happiness and it maybe so to some extent , but not to the fullest extent . Somepeople think that children might be a source of happiness , but when they are separated for some reason or other ,as sooner or later they will be feel unhappy. Somepeople think horse racing and dog racing might be a source of happiness ,so they bet , but even when they are winners they are happy only for a short while . Then there are those who hope to find happiness in drinks, and for a short ever. The outside sources are not the real sources of happiness , the mail thing is the mind ; but only the mind which is controlled and cultured is the real source of happiness.


What is life
Life is a full sorrow unless man knows how to live it. On the physical plane, birth ,old age and death cannot be avoided,but there is another sense in which life is often sorrow , but a kind of sorrow that can be entirely avoided.We may live in this world quite happily if we are not attached to it by foolish desire . We are in it, but we must not be of it, at least not to such an extent as ti left it cause worry , trouble and sorrow . Undoubtedly our duty is to help other in their sorrow and trouble , but in order to do that effectively we must have none of our own selfish desires . If we take this life with philosophy we shall find that for us almost entirely ceases.


What is love?

Love is also defined in the Dictionary According to it. Love means 'warm affection, attachment, affectionate devotion...etc,etc..'. These are the synonymous terms of love . They all refer to sentimeantal , worldly love. In buddhist way , love means friendliness.Love(Friendliness) without a desire to possess but with a desire ti help ,to sacrifice self-interest for the welfare and well-being of humanity . This love is without any selection or exclusion .If you select a few good friends and exclude unpleasant persons , then you have not got a good grasp of this literally.

ဘူတာရုံနဲ့တူတဲ့ကောင်မလေး

ဘလော့ဂ်မှာ စာမရေးနိုင်တာလည်း ကြာသွားတယ်ဗျာ..။ ရေးဖို့တော့စိတ်ကူးထားတာတွေ အများကြီးရှိပါတယ် ။အချိန်ပေးနိုင်မှဝထ္ထုတိုတစ်ပုဒ်လောက်ရေးပါမယ်ဗျာ..။အခုတော့ကျွန်တော်အရမ်းကြိုက်တဲ့ မင်းခိုက်စိုးစံရဲ့ကဗျာတစ်ပုဒ်ကို ဝေမျှလိုက်ပါတယ်ဗျာ..။ ဖတ်ပြီးသားကြီးဆိုရင်တော့ ဆောတီးပါ..။

biggrin
ဘူတာရုံနဲ့တူတဲ့ကောင်မလေး

ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့သံယောဇဉ်တွေခုတ်မောင်းခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဘို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ...
....လွမ်းတယ်..

အရမ်းကြီးမဟုတ်ပေမယ့်..တစ်ခါတစ်ခါ
ယောင်္ကျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲမဟုတ်လား..

ပန်သီးတွေခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်..
ပြောပါမင်းငါ့ကိုဘယ်တော့အိပ်မက်မက်မှာလဲ..????
မင်းပိုင်ဆိုင်တဲ့အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ...တိတ်တိတ်လေး ရပ်စောင့်နေတာကြာပြီလေ ..။

£ajEစိမ်းစိမ်းတွေလိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချခွင့်မပြုတဲ့
မင်းရဲ့ဘူတာရုံလေးဆီ....လာမယ်..
မင်းရဲ့ဘူတာရုံလေးဆီ..လာမယ်...

ဟောဒီကောင်ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်းကိုယ်ဖောက်ခဲ့တာပါ....
...နောက်ကျသွားတယ်..

အလွမ်းတွေစိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါဆိုတဲ့ကောင်က
တည့်တည့်ကြီးရောက်ချသွားခဲ့တာပေါ့ကွယ်...

မင်းခိုက်စိုးစံ

ကျွန်တော့်ရဲ့ဘူတာရုံလေးကတော့ ဘယ်နားမှာရောက်နေလဲဆိုတာတော့မသိပါဘူး ။

ကျွန်တော့်အကြောင်း

ဘာလိုလိုနဲ့မနက်ဖြန်ဆိုရင်ကျောင်းတက်ရတော့မယ် .. ကျောင်းစာသင်ချိန်တွေကထပ်တိုးတော့ကျွန်တော်လည်းဘလော့မှာ စာသိပ်ရေးဖြစ်မှာမဟုတ်ပါဘူး .. ။ကျောင်းစာသင်ချိန်တွေက ည ၉ နာရီထိတွေလည်းပါနေတော့ ဘလော့ရေးဖို့ကသိပ်မလွယ်တော့ပါဘူး ...။ကျွန်တော့်ဘလော့မှာ စာတွေသိပ်မတင်နိုင်ရင် နားလည်ပေးကြပါခင်ဗျာ..။ ဟာသ ပုံတော့တင်ပေးလိုက်ပါတယ်ဗျာ..။ အောက်မှာကြည့်လိုက်ပါ ။



biggrin

တောင်းဆုတစ်ခု



"အချိန်က အရာရာကို ပြောင်းလဲနိုင်မှာပါတဲ့ .."

ဘိုင်..ဘိုင်လို့မနူတ်ဆက်ချင်သူလေးကပြောတယ် ။ပြောင်းလဲသွားတဲ့အချိန်တိုင်းမှာ မင်းပြောသလိုအရာရာပြောင်းလဲသွားနိုင်မယ်ဆိုရင်တော့ ငါ့အတွက်အကောင်းဆုံးပါပဲ မိန်းကလေးရယ် ။စက္ကန့်တွေတဖျတ်ဖျတ်နဲ့ ရွှေ့လျှားနေတယ် ...စက္ကန့်တွေပြောင်းလဲလာတာနဲ့အမျှ မိနစ်တွေ နာရီတွေကမနေနိုင်မထိုင်နိုင် လိုက်ပြောင်းပေးနေရတယ် ။ငါ့ရင်ဘတ်ထဲက ပြက္ခဒိန်ကတော့ဒီစာမျက်နှာအတိုင်းကိုပဲ ဆက်လက်တည်ရှိခိုင်းနေကြတယ် ။ဘယ်လိုလုပ်သင့်လဲလို့ တွေးတာလည်း အချိန်တွေကုန်သွားတယ် ၊အိပ်ပျက်ညတွေကိုဖန်ဆင်းခဲ့တာပဲအဖက်တင်တယ် ။မိန်းကလေးပြောတဲ့အတိုင်း အချိန်ကအရာရာကို ပြောင်းလဲမယ်ဆို ငါတစ်ခုပဲဆုတောင်းချင်တယ် ..အဲဒါက ..
"ပြောင်းလဲသွားတဲ့အချိန်တိုင်းမှာ ငါ့နှလုံးသားကိုအလိုက်သင့်ပြောင်းလဲနိုင်ပါစေ "

ဓာတ်ပုံလေးများ

ကျွန်တော်လည်း ပျင်းတာနဲ့မေးလ်တွေကို လိုက်ကြည့်လိုက်တာ သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့ဓာတ်ပုံလေး
တွေကိုသွားတွေ့တယ် ။ ဓာတ်ပုံလေးတွေက ရီဖို့ကောင်းတယ် ။ ကြည့်ကြည့်လိုက်ပါဦးဗျာ..။








ကျွန်တော်၏ ရုရှားနိုင်ငံအမြင်

အပိုင်း (၂)

သတင်းအချက်အလက်တွေနဲ့ပတ်သတ်ရင်ရုရှနိုင်ငံကတခြားနိုင်ငံများနည်းတူ ကန့်သတ်ထိန်ချန်မှုတွေရှိနေပါတယ်။ကျွန်တော်ဖတ်ဖြစ်တဲ့ဂျာနယ်တစ်စောင်မှာ ဒီလိုမျိုးရေးသားထားတာတွေ့ရပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့တချို့အချက်အလက်တွေကို အစိုးရအကြိုက်လိုက်ပြီးဖော်ပြပေးတာရှိပါတယ် ။ဥပမာ .. ၂၀၀၄ ခှုနှစ်တုန်းက
ရုရှနိုင်ငံတောင်ပိုင်းဘတ်စ်လန်မြို့လေးရဲ့ကျောင်းတစ်ကျောင်းမှာကလေးတွေကို အစ္စလမ်အကြမ်းဖက်သမားများ ၀င်ရောက်အကြမ်းဖက်ရာမှာ ဓားစာခံ ၁၂၀၀ယောက်ကို၃၆၄ယောက်လို့ အစိုးရကဖော်ပြခိုင်းတဲ့အတိုင်းဖော်ပြခဲ့ပါတယ်။ဒါတောင်ဓာတ်ပုံတွေဝေေ၀ဆာဆာတင်ခဲ့တဲ့သတင်းအယ်ဒီတာတို့ကို ကရင်မလင်နန်းတော်ကစိတ်ဆိုးခဲ့ပါတယ် ။သမ္မတပူတင် သမ္မတဖြစ်ပြီးကတည်းက အခုချိန်ထိဂျာနယ်လစ် ၁၂ ယောက် အသက်ပေးသွားခဲ့ရပြီး ရုရှကိုကမ္ဘာ့ ၄ နိုင်ငံမြောက် သတင်ထိန်ကျန်သောနိုင်ငံအဖြစ် ဆွဲတင်ခြင်းခံခဲ့ရပါတယ် ။


ရုရှနိုင်ငံရဲ့စီပွားရေးအနေနဲ့ကတော့စစ်လက်နက်ပစ္စည်းရောင်းခြင်း၊ရေနံသဘာဝဓာတ်ငွေ့နဲ့ သထ္ထုတွင်းထွက်ပစ္စည်းများရောင်းခြင်းကိုအဓိကထားပါတယ်။ဆင်းရဲမှုနဲ့ချမ်းသာမှု ကွာခြားချက်ကလည်းအလွန်ကြီးမား လှပါတယ် ။ဒီနိုင်ငံရဲ့ ချမ်းသာတဲ့ ၅ ရာခိုင်နူန်းကနိုင်ငံရဲ့ကြွယ်ဝချမ်းသာမှု ၇၅ ရာခိုင်နူန်း ကိုပိုင်ဆိုင်ထားပြီး ကျန်တဲ့ဆင်းရဲသား ၇၅ ရာခိုင်နူန်းကတော့ နိုင်ငံရဲ့ကြွယ်ဝချမ်းသာမှု ၃ ရာခိုင်နူန်းကိုအတူတူပိုင်ဆိုင်ထားကြပါတယ်။အားလုံးသိကြတဲ့ ချယ်ဆီးဘောလုံးအသင်းကို ပိုင်ဆိုင်တဲ့ အေဗရာမိုဗစ် ဆိုရုရှမှာအချမ်းသာဆုံးစာရင်ဝင်တစ်ယောက်ဖြစ်ပါတယ် ။သူဟာ သူရဲ့ပိုင်ဆိုင်မှု ကိုကျွန်တော်
သိသလောက်ကတော့ ပြင်သစ်နဲ့ စကော့မှာခန်းနားထယ်ဝါတဲ့ရဲတိုက်များ ၊၊ လန်ဒန်အခြေစိုက် ချယ်ဆီးဘောလုံးအသင်းကိုပိုင်ဆိုင်သူ ၊ ကိုယ်ပိုင်လေယာဉ် ဘိုးရင် ၇၆၇ ၊ရေကူကန်နှင့်
လေယာဉ်ရပ်နားလို့ရတဲ့ ဇိမ်ခံစီးသဘောင်္ ၄ စီး ၊ရေငုပ်သင်္ဘောအသေး ၁ စင်းများကို ပိုင်ဆိုင်ထားပါတယ် ။ရုရှနိုင်ငံရှိသူဋ္ဌေးများက မော်စကိုမြို့နဲ့ ၈ မိုင်ဝေးကွာတဲ့ ဇူးကော့ဗ်ကာ ဆိုတဲ့မြို့လေးမှာ
ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြင့်မားတဲ့အုတ်နံရံများကာရံထားတဲ့ ခြံအကျယ်ကြီးတွေမှာ ဆိုဗီယက်ခေတ်ကလူနေမှုပုံစံကို အသက်သွင်းပြီးနေထိုင်ကြပါတယ် ၊ပြည်နယ်လေးများရဲ့လူနေမှုပုံစံ
ကတော့ အရင်ကတိုင်းတိုးတက်မှုနှေးကွေးလှပါတယ် ။

ရုရှနိုင်ငံရဲ့ ပညာရေးကတော့ အခုချိန်မှာ ဘတ်ချလာ နဲ့ မဟာတန်းဆိုပြီးခွဲခြားထားတာမရှိပါဘူး ။တက္ကသိုလ်တစ်ခုကကျောင်းပြီးရင် မဟာတန်းနဲ့ညီမျှပါတယ် ။ ၂၀၀၉ ခုနှစ်မှာတော့ ပညာရေးစံနစ်က
ိုပြောင်းလဲမယ်လို့ ကြေငြာထားပါတယ် ။ ဘတ်ချလာတန်းက ၃ နှစ် ၊မဟာတန်းက ၂ နှစ်ဆိုပြီးပြောင်းလဲပါလိမ့်မယ် ။ ရုရှနိုင်ငံရဲ့ မော်စကိုနိုင်ငံတော်တက္ကသိုလ်က ကမ္ဘာအဆင့် ၆၀ နဲ့ ၇၀ ကြားမှာရှိ
နေပါတယ် ။ မော်စကိုနိုင်ငံတော်တက္ကသိုလ်က ရုရှနိုင်ငံမှာအဆင့် (၁ )ဖြစ်ပါတယ် ။ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းတွေမှာရန်ဖြစ်လို့ မရပါဘူး ။ ရန်ဖြစ်လို့ကျောင်းထုတ်ခံရရင် ၊ ကျောင်း
စည်းကမ်းဖောက်ဖျက်လို့ ကျောင်းထုတ်ခံရင် ၊ စာမေးပွဲကျရူံးလို့ကျောင်းထုတ်ခံရရင် ကျောင်းသားတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းရပါတယ် ။ကျန်တဲ့အပိုင်းတွေမှာတော့ တခြားနိုင်ငံ
တွေရဲ့ ပညာရေးစံနစ်များအတိုင်းပဲဖြစ်ပါတယ် ။

ကွန်မြူနစ်ခေတ်နောက်ပိုင်း ရုရှနိုင်ငံရဲ့ကျန်းမာရေး အခြေအနေကတော်တော်ကို ကျဆင်းခဲ့တာတွေ့ခဲ့ရပါတယ် ။အထူသဖြင့်ယောင်္ကျားများရဲ့ကျန်းမာရေးအခြေအနေတော်တော်ကျဆင်းနေတာကိုတွေ့
ရပါတယ် ။ဒါဟာအရက် ၊ဆေးလိပ်တင်သွင်းမှုအပေါ်မှာ ထားရှိတဲ့တင်းကျပ်မှုတွေကို လျှော့ပေးလိုက်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ် ။ အဆုတ်ရောဂါများကလည်း ပြည်တွင်းစစ်
်တုန်းကထောင်ထဲမှာ ရှိတဲ့ဓားစာခံများမှတဆင့် အကြီးအကျယ်ကူစက်လာခဲ့တယ်လို့လည်းဆိုပါတယ် ။ AIDS ရောဂါမှတ်ပုံတင်ထားသူများဟာ ၂၀၀၆ ခုနှစ်မှာ ၃၀ ရာခိုင်နူန်းပိုတိုးလာပြီး ၊အဆီတိုးတက်
မှုနူန်းမှာလည်း နှစ်စဉ် ၃၀ ရာခိုင်နူန်းတိုးတက်နေပါတယ် ။

ဝမ်းနည်းကြေကွဲခြင်း


ကျွန်တော်လည်း ပို့စ်တစ်ပုဒ်တင်ဖို့ လုပ်နေတုန်းမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့မိခင်ဆုံးပါးသွားတယ် ဆိုတာသိရလို့ တော်တော်ကိုစိတ်မကောင်းဖြစ်မိပါတယ် ။ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ မိဘကိုဆုံးရူံးလိုက်ရတဲ့ သူငယ်ချင်းအတွက်လည်း ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲမိတယ် ။ တစ်နေ့မှာ လူတိုင်းဟာဒီလမ်းကို မလွဲမသွေသွားရမယ်ဆိုတာ သိပေမယ့်မိဘရဲ့နောက်ဆုံးခရီးကို ကိုယ်တိုင်လိုက်ပို့ခွင့်မရတဲ့ သူငယ်ချင်းရဲ့အဖြစ်ကို ကိုယ်ချင်းစာမိပါတယ် ...။

cry