ကျွန်တော်၏ ရုရှားနိုင်ငံအမြင်


အပိုင်း (၁)

အခုဆိုရင် ကျွန်တော်ရုရှရောက်တာ နှစ်ချီပြီးရှိခဲ့ပြီပေါ့ဗျာ..။ရောက်ကာစကတော့ ကျွန်တော်တို့လို နိုင်ငံသေးသေးလေးထဲက လာတဲ့လူတွေအတွက်ကတော့ တောသားမြို့ရောက်လိုဖြစ်ပြီးယောင်လည်ယောင်လည်နဲ့ပေါ့ဗျာ။ရောက်စကယောင်လည်ယောက်လည်ဆိုလို့အခုရောလည်လည်ဝယ်ဝယ်ရှိပြီလားလို့ဆိုတော့လည်း မဟုတ်သေးဘူးဗျ ။ အရင်ကလောက်မဆိုးတော့တာပဲရှိတာပေါ့ ။ ကျွန်တော်အခုပြောမှာက ကျွန်တော်တို့ရုရှမှာဘယ်လိုနေတယ် ၊ဘယ်လိုထိုင်တယ် ဘာတွေလုပ်တယ်ဆိုပြီးချီးမွှမ်းမလို့လဲမဟုတ်ပါဘူး ၊ ရူံ့ချပုတ်ခတ်မလို့လည်းမဟုတ်ပါဘူး ။ကျွန်တော်တို့အကြောင်းမဟုတ်ပါဘူး ကျွန်တော်ပြောမှာက ကျွန်တော်တို့တွေ့မြင်ရတဲ့ရုရှနိုင်ငံအကြောင်းလေးကိုကျွန်တော့်အမြင်နဲ့တစေ့တစောင်းပြောမလို့ပါဗျာ။တစ်ခုတော့ပြောချင်တယ်ဗျာ နိုင်ငံရေးမဟုတ်ပါဘူး ၊ကျွန်တော့်ဒီဆောင်းပါးလေးကို နိုင်ငံရေးအရတုံ့ပြန်မယ်ဆိုရင်တော့ ကျွန်တော်ကဘာမတုံ့ပြန်မှာမဟုတ်ပါဘူး ။စိတ်ဆိုးလို့လည်းမဟုတ်ပါဘူး ၊ကြောက်လို့လည်းမဟုတ်ဘူး ။


တစ်ချိန်က ရုရှဆိုတာ အားလုံးသိကြတဲ့အတိုင်း ဆိုဗီယက်ယူနီယံထဲက ကမ္ဘာ့ပတမဆုံးနဲ့ အကြီးမားဆုံးကွန်မြူနစ်စံနစ်ကျင့်သုံးတဲ့ နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ် ။၁၉၉၁ခုနှစ်ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားပြီးနောက်ပိုင်းမှာတော့ ရုရှား ဖက်ဒရေးရှင်း ဆိုပြီးသီးခြားနိုင်ငံတစ်ခုအနေနဲ့ရပ်တည်ခဲ့ပါတယ်။ ဆိုဗီယက်နိုင်ငံကြီးကနေခွဲထွက်သွားတဲ့နိုင်ငံတွေကလည်း တော်တော်များခဲ့ပါတယ် ။အဲဒီလို ပြည်ထောင်စုကြီးပြိုကွဲသွားအောင်ပြုလုပ်ခဲ့
တာဘယ်သူ့လက်ချက်လဲဆိုတာတော့အားလုံးသိကြတဲ့အတိုင်းပါပဲ ။ ကျွန်တော့် ဆရာ၊ဆရာမတွေရဲ့ အဆိုအရတော့ ဆိုဗီင်္ယက်ယူနီယမ်ကြီးပြိုကွဲသွားပြီး ၁၅ နှစ်လောက်ကြာမှနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပြန်လည်ထူထောင်နိုင်ခဲ့တာပါ ။၁၉၉၆ ခုနှစ်မှာ G 8 (Group Eight)ထိပ်သီးအစည်းအဝေးကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ဒီနိုင်ငံကလူတွေရဲ့လွတ်လပ်ပိုင်ခွင့်လေးကိုနည်းနည်း တင်ပြချင်ပါတယ် ။ရုရှမတွေကတော့အားလုံးသိကြတဲ့အတိုင်းပဲဖြူဖြူချောချောကြီးတွေဗျ ၊လုံးကြီးပေါက်လှတွေရော ရှည်ရှည်သွယ်သွယ်တွေရော ၊ကစ်ကစ်တစ်တစ်တွေရော စုံလို့ပါပဲ ။အပြင်အဆင်ကြည့်မယ်ဆိုရင်တော့ဗျာ တစ်ခါတစ်လေ ကျွန်တော်ဖြင့်နတ်ပြည်က နတ်မိမယ်တွေကြားရောက်နေလားလို့တောင်ထင်မိတယ် ကြွားပြောတာမဟုတ်ဘူးဗျ တကယ်ပြောတာ။ကျွန်တော်အရမ်းကြိုက်တဲ့ တင်းနစ်မယ်မာရီယာရှရာပိုဗာကိုပဲကြည့် ။lol

မကြိုက်တာတော့ရှိတယ်အဲဒါကဘာလဲဆိုတော့ ကြက်ဖ+ဂျေမီ +ရဲလေးဆိုထားတဲ့အရဲထုပ်သီချင်းထဲက စာသားတချို့လိုပဲ "အကောင်းစားတွေဝတ် အကောင်းစားတွေပြော မင်းရည်းစားတွဲတော့လဲ အကောင်းစားမှတွဲချင်တာ"အဲဒါတွေကိုဝယ်ပေးနိုင်တဲ့ ရည်းစားမှတွဲချင်တာ ၊သူတို့အချင်းချင်းတွေကြားမှာလည်းအဲလိုရည်းစားမျိုးရှာပြနိုင်မှဂုဏ်ရှိတာတဲ့ ။ သူတို့ကိုအထင်တော့မသေးပါနဲ့ သူတို့ကလူမှုသိပံ ၊စီးပွားရေးတို့ကို အရမ်းစိတ်ဝင်စားတယ် ။အဲဒီဘာသာတွေမှာလည်း တော်တော် တော်ကြတယ် ။ သူတို့က ဂျာနယ်လစ်တို့ အောင်မြင်တဲ့စီးပွားရေးပိုင်ရှင်တို့ ဖြစ်ဖို့မျှော်မှန်းထားကြတယ် ။ရုရှမတွေမှ မဟုတ်ပါဘူး၊ရုရှလူငယ်တော်တော်များများက ရည်းမှန်းချက်ကြီးကြီးနဲ့ကြိုးစားနေကြတယ် ။ ပြီးတော့သူတို့တွေရဲ့ကောင်းမွန်တဲ့ အလေ့အထက ခရီးတစ်ခုသွားရင် စာဖတ်တဲ့အကျင့်ပဲ... လူကြီး ၊လူငယ်အမျိုးစုံပါပဲ ။သူတို့ရဲ့ အစဉ်အလာတစ်ခုပေါ့ ။ကားပေါ်တို့ မြေအောက်ရထားပေါ်တွေမှာ
စကားသိပ်မပြောဘူး စာပဲဖတ်နေတဲ့သူများတယ် ။အခုခေတ်ပိုင်း ရုရှမှာတော့လူငယ်တွေက သမ္မတပူတင်နဲ့သူ့အစိုးရအဖွဲ့ကိုပွင့်ပွင့်လင်းလင်းဝေဖန်ကြပါတယ် ။အရင်တုန်းကတော့ အစိုးရနဲ့ အစိုးရဘက်တော်တော်သားတွေအကြောင်းများကို မပြောဝံ့ခဲ့ကြပါဘူး ။အရင် ဆိုဗီယက်ယူနီယံခေတ် လူတွေက အစိုးရကိုဝေဖန်တော့တော်တော်တအံ့ တသြရှိနေကြပါတယ် ။


အတွေးစများနဲ့ ဟိုး.. အတိတ်ဆီ

ကျောင်းကလည်းပိတ်ထားတော့စိတ်တွေကဟိုရောက်ဒီရောက်နဲ့။အတွေးတွေကလည်းအနာဂတ်ဆီရောက်သွားလိုက်အတိတ်တွေဆီရောက်သွားလိုက်နဲ့ပေါ့။နောင်အနာဂတ်ဆိုတာကတော့ မျှော်မှန်းကြိုးစားလို့ပဲရတာပါတကယ်တော့မသေချာဘူး။ဒါကြောင့်အတိတ်တွေကငါဘာလုပ်ခဲ့လည်းဆိုတာကိုပြန်တွေမိတယ်။ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကလည်း ပြောပါတယ်မင်းကစစ်သားတစ်ယောက်ဖြစ်ရဲ့နဲ့ဘာလို့စစ်သားအတွေ့အကြုံတွေမရေးတာလဲတဲ့။ကျွန်တော်လည်းစိတ်ခံစားမှုတွေကိုပဲ ဘလော့ဂ်မှာရေးဖြစ်ခဲ့တာများပါတယ်ကျွန်တော့်သူငယ်ချင်းကိုလည်းပြောပါတယ်အားတဲ့အချိန်မှာတော်ငါ့အတွေ့အကြုံလေးတွေကိုရေးမှာပါလို့ပြောခဲ့တယ်။ဒါပေမယ့် စာမေးပွဲတွေကလည်းရက် ၄၀ နီးပါးလောက် ဆက်တိုက်ဖြစ်သွားတော့မရေးဖြစ်ခဲ့ဘူ။


ဟိုးလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကပေါ့....ဒီလိုဇန်န၀ါရီလမှာပဲကရင်ပြည်နယ်စစ်ဆင်ရေးတစ်ခုမှာရှေ့တန်းတာဝန်ထမ်းဆောင်ရင်းနဲ့ရှေ့တန်းကိုရောက်ခဲ့တယ်။ ရှေ့တန်းကိုရောက်မှစစ်ဆင်ရေးကိုသိတာလားဆိုတော့မဟုတ်ပါဘူး။ကျွန်တော်တာဝန်ကျတဲ့မိခင်တပ်ရင်းကလည်းကရင်ပြည်နယ်ထဲကရန်သူ့ရွာတွေရဲ့ အလည်ကတပ်ရင်တစ်ရင်းပါပဲ ။ နောက်တန်းမှာ နေတုန်းကလည်းတခြားတပ်ရင်းတွေ စစ်ကူလိုရင်
အမြဲလိုက်ပေးခဲ့ဖူးပါတယ်။ရှေ့တန်းမှာရောနောက်တန်းမှာပါ ကျွန်တော်တို့မတိုက်ချင်ပဲတိုက်နေရတဲ့ရန်သူက KNU (ကရင်ခရစ်ယာန် လွတ်မြောက်ရေး တပ်မတော်လို့ပဲကျွန်တော်က ခေါ်ပါတယ် ၊ဘာလို့လဲလို့မေးရင် ကရင်ဗုဒ္ဒဘာသာအဖွဲ့အစည်း DKBA တွေအားလုံးက အလင်းဝင်ပြီးလို့ပါပဲ ။ဒါကြောင့် KNU ကကရင်ပြည်နယ်မှာ ရှိတဲ့ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနေတာမဟုတ်ပါဘူး )။

တကယ်တန်းတော့ကိုယ့်ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်းတွေပဲဗျာဘယ်လိုမှကိုတိုက်ခိုက်ချင်တဲ့စိတ်မရှိပါဘူး ။လွတ်လပ်ရေးလဲရရှိလာတာအခုဆိုနှစ်(၆၀)ကျော်ခဲ့ပြီ။အခုချိန်မှာ ဖြစ်သင့်တာကပြည်ထောင်စုတိုင်းရင်းသားအချင်းချင်းတစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်တွဲလို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အလုပ်လုပ်ဖို့အချိန်ရောက်နေပါပြီ။မတိုက်ချင်ပဲတိုက်နေရတဲ့ ယခုခေတ်စစ်ပွဲတွေမှာ မြေသိမ်းတိုက်ပွဲတွေကတော့အင်မတန်မှနည်းသွားပါတယ်ရန်သူနဲ့ထိတွေ့မှုဖြစ်လိုက် ရန်သူကပြန်ဆုတ်သွားလိုက်အဲဒီလို သဘောမျိုးတွေပဲ ရှိတော့တယ် ။ရန်သူရဲ့တိုက်ခိုက်မှုကတော့ ၂၀၀၀ ခုနှစ်အလွန်ပိုင်းကာလတွေမှာပြောက်ကျားစစ်ဆင်ရေးကိုပဲအများဆုံးအသုံးပြုလာတယ် ။စစ်တပ်လာနိုင်မဲ့လမ်းတွေမှာ မိုင်းထောင်တယ် ၊တံတားတွေမှာ မိုင်းထောင်တယ် (မိုင်း မှာဆွဲမိုင်း ၊နင်းမိုင်း၊ချိန်ကိုက်မိုင်း ) ။

ကျွန်တော်ဦးစီးပြီးလှုပ်ရှားအနေနဲ့သွားခဲ့တဲ့တစ်နေ့က(ကျွန်တော်ဦးစီးပြီးလှုပ်ရှားအနေနဲ့ထွက်တယ်ဆိုရင်ရဲဘော်တွေ အရမ်းပင်ပန်းတယ် ၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကိုယ်သွားရမဲ့လမ်းကိုချီတက်ရင် သွားချင်တဲ့လမ်းကသွားတယ်လမ်းကိုပုံမှန်သုံးပြီးသွားတယ်ဆိုတာတော်တော်ကိုရှားလို့ပါပဲ)ဖြစ်ချင်တော့ လမ်းကရွာတစ်ရွာမှာ ကျွန်တော်တို့တပ်ခဏ၀င်နားခဲ့တယ် ရွာကိုစ၀င်ကတည်းက ရွာသူရွာသားတွေက တစ်ခုခုကိုစိုးရိမ်ပူပန်နေတဲ့ပုံစံမျိုးနဲ့ဆီးကြိုခဲ့တယ်။ကျွန်တော်လည်းသဘောတော့ပေါက်ပါတယ် ၊ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကိုလည်းကြိုတင်တွက်ထားလို့ရတယ် ။ အဲဒီရွာမှာ တကယ်ဖြစ်နေတာကတော့ ရွာသား၃ယောက်ဆက်တိုက်မိုင်းထိပြီးခြေထောက်ဖြတ်ပေးမဲ့သူမရှိလို့သူတို့စိတ်ပူနေကြတာ ။အဲဒီအကြောင်းတွေကိုရွာကသူကြီးမပြောမှကျွန်တော်လည်းသိခဲ့ရတယ်။နောက်တော့မိုင်းထိတဲ့သူတွေထားတဲ့အိမ်ကိုကျွန်တော့်
ဆေးတပ်သားခေါ်ပြီးသွားခဲ့တယ်။

မိုင်းထိတဲ့ရွာသား ၃ယောက်က အခြေအနေတော်တော်ကိုဆိုးနေတယ်...သွေးထွက်လည်းအရမ်းလွန်နေပြီ ။အဲဒါကြောင့်ကျွန်တော့်ဆေးတပ်သားက ချက်ချင်းပဲ ဖြတ်တယ် ။တစ်ယောက်ဖြတ်နေတဲ့အချိန်မှာ ၂၀ မိနစ်
လောက်တော့ကြာတယ် ။ခြေထောက်တွေဖြတ်နေတဲ့အချိန်မှာ ခြေထောက်ကထွက်တဲ့ သွေညှီနဲ့နဲ့ ယမ်းစိမ်းအနံ့တွေကတော်တော်ကိုဆိုးရွားတယ်။ခြေကျင်ဝတ်လောက်ကထိတာ ဒုးလောက်ကဖြတ်လိုက်ရတယ်။အဲဒီလိုဖြစ်တာကတော့လူမျိုးရေးဆိုတဲ့အစွန်းရောက်ဝါဒတွေလက်ကိုင်ထားတဲ့လူတွေကြောင့်ဖြစ်ခဲ့တာပါ ။သူတို့တကယ်လုပ်ချင်ခဲ့တာကတော့ကျွန်တော့်တပ်ဖွဲ့ကိုမိုင်းထိစေချင်လို့ထောင်ခဲ့တာ တကယ်ထိခဲ့တာကတော့တောင်ယာခုတ်သွားကြတဲ့အပြစ်မဲ့ပြည်သူတွေကိုထိခဲ့တယ်။ ကျွန်တော်လည်းတော်တော်စိတ်မကောင်းဘူး။လူတွေဗျာဘာလို့ဒီလိုလုပ်ချင်နေကြလဲ ၊နိုင်ငံတော်ကြီးတိုးတက်စေချင်တယ်ဆိုရင်လည်းအဖျက်အမှောင့်လုပ်ငန်းတွေဘာ့ကြောင့်လုပ်နေရသလဲ ။ကတယ်ဖြစ်နေတာကတော့ မြန်မာနိုင်ငံမှာ ကိုယ့်လူမျိုးအချင်ချင်းပဲတိုက်ခိုက်ဖို့ရှေ့တန်းတင်နေကြတယ်။

အထက်မှာဖော်ပြခဲ့တာကတော့စစ်ဆင်ရေးရှေ့တန်းနယ်မြေမှာကိုယ့်ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်းကိုပြန်တိုက်ရလို့စိတ်မကောင်းကြီးစွားရေးမိတာပါ။ကျွန်တော်ရုရှကိုရောက်တော့ဒီလိုမျိုးကိုယ့်အချင်းချင်းတွေတိုက်ခိုက်မှုမရှိတော့လောက်ဖူးလို့ပဲထင်ခဲ့မိတယ် ။တကယ့်လက်တွေ့မှာတော့ မြန်မာအချင်းချင်းတွေဗျာ အယူဝါဒတစ်ခုကိုလက်ကိုင်ထား ၊ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီးဘလော့ဂ်တွေမှာ၊၀က်ဆိုဒ်တွေမှာ၊မီဒီယာတွေမှာအမျိုးစုံအောင်တိုက်ခိုက်နေကြတာပဲ။တစ်ချို့ကြတော့လည်း ကိုယ်ယုံကြည်ရာကိုယ်ခံစားမှုလေးတွေကိုရေးကြတယ် ၊ တချို့ကြတော့လည်း မရ ရတဲ့သူစစ်သားမှန်ရင် အကုန်တိုက်ခိုက်မယ်ကွာဆိုပြီးပုဂ္ဂိုလ်ရေးတွေကိုပါမဆီမဆိုင်ဝင်ရောက်စွတ်ဖတ်ပြီူးရေးခဲ့တာတွေကိုလည်းအများအပြားတွေ့ခဲ့ရတယ် ။တော်တော်ယုတ်ညံ့တဲ့လူတန်းစားတွေပါပဲ။နိုင်ငံတိုင်းနိုင်ငံတိုင်းမှာကိုယ့်နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်စစ်တပ်ဆိုတာမရှိမဖြစ်လိုအပ်တဲ့ အဖွဲ့အစည်းတစ်ရပ်ပါ.။

ဒီလောက်ပါပဲဗျာ..

အားလုံး...အားလုံး

စာမေးပွဲ ကတော့ပြီးသွားပါပြီ... အားလုံးအိုကေပါပဲ ... မျှော်မှန်းထားသလောက်တော့ ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပေါ့ ... စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လိုပေါ့ဗျာ... "စွမ်းသလောက်တော့ကိုယ်ကြိုးစားခဲ့ပါတယ် ... ထိပ်ဆုံးထိ
မရောက်ခဲ့ ရတောင် အလယ် အလတ်တော့မကပါကွယ်".....
လိုပေါ့..ကျောင်းသားတစ်ယောက်မှာ အရေးအကြီးဆုံးဆိုတာ စာမေးပွဲလို့ ကျွန်တော်က ခံယူထားတယ်..။ ကျွန်တော့်ဘလော့ကို လာလည်ကြတဲ့ အကို ၊အမ ၊ညီ ၊ညီမများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်... ကျွန်တော်လည်းနောက်ရက်တွေမှာ ဘလော့မှာစာရေးဖြစ်မှာပါ...
. အားလုံးလာရောက်အားပေးလှည့်ပါဦး........lol

ကျွန်တော့်ရဲ့ ကမ္ဘာနဲ့ ကျွန်တော့်ရဲ့ ချစ်သူ..


ချစ်သူရဲ့နွေးထွေးတဲ့လက်တွေဘယ်တော့ထိတွေ့ခွင့်ရှိမလဲ

ချစ်သူကိုလွမ်းနေတဲ့ အချိန်တိုင်းမှာချစ်သူကိုတွေ့ခွင့်ရရင်

ကမ္ဘာမှာ အပျော်ဆုံးဆိုတာ ငါပဲလို့ဟစ်ကြွေးချင်တဲ့သူတစ်ယောက်ပါ

ဒါတွေကိုချစ်သူသိပါ့သိပါ့မလား...

ချစ်သူလို့ဆိုချင်ပေမယ့် တကယ့်လက်တွေ့မှာတော့...

တို့နှစ်ယောက်ရဲ့ ဘ၀တွေကသူငယ်ချင်းပါဆိုတဲ့ စကားတွေနဲ့

စည်းခြားနေတယ် နော်...

တကယ်ပါ ရင်ထဲရှိတာကိုဖွင့်ပြောချင်ပေမယ့်...

မင်းလေးကို မပြောရက်ခဲ့တာ ငါ့ရဲ့အားနည်းချက်တွေပဲလား...

ငါ့ရဲ့ချွတ်ယွင်းချက်တွေပဲလားချစ်သူရယ်...

တကယ်ဆို ငါမင်းကို ဟိုးငယ်ငယ်ကတည်းက .....

တိတ်တခိုး ချစ်နေခဲ့တယ်ဆိုတာ မင်းသိပါ့ သိပါ့မလား....

သူမ



"သူမ " ဆိုတာက ယောင်္ကျားလေးမဟုတ်ဘူးဗျ .
lol . အရမ်းလှတဲ့မိန်းကလေးတစ်ယောက် ။သူမ မှာနာမည်ရှိတယ် သူမနာမည်ကိုတော့ကျွန်တော်ဘယ်တော့မှမခေါ်ဖြစ်ဘူး ။သူမကို သူမလို့ပဲခေါ်ဖြစ်တယ် ။
သူမ ဘာကြိုက်တက်လဲဆိုတော့ အကောင်းမှန်သမျှအကုန်ကြိုက်တယ် .။ သူမအကြိုက်ဆုံး အရောင်ကပန်းနုရောင် .. ပြီတော့ကျန်သေးတယ် သူမကနှင်းဆီပန်းလေးတွေကိုလည်း အရမ်းကြိုက်တက်တယ် ။နှင်းဆီပန်းနဲ့ပတ်သတ်ပြီး သူမ ပြောတဲ့စကားက... နှင်းဆီပန်းကိုဆူးပါလို့ကြိုက်တာတဲ့ ....။ သူမ ကအချစ်တစ်ခုကို စိတ်ကူးယဉ်တဲ့နေရာမှာ ဂုဏ်တွေ ၊ဒြပ်တွေကို ရှေ့တန်းတင်တက်တဲ့ မိန်းကလေးတစ်ယောက် ...။ ပြီးတော့ သူမ ရဲ့ဘ၀က အရာရာပြည့်စုံတယ်လို့ပြောလို့ ရတဲ့ ဘ၀တစ်ခုကိုလည်းပိုင်ဆိုင်ထားတယ် ..။

သူမကို ကျွန်တော်စတွေ့တဲ့နေ့က သူမ ကပန်းရောင်အင်္ကျီလေးကို ဆင်မြန်းထားတယ် ။ ကျွန်တော်သူမကိုကို လမ်းပေါ်မှာခဏတွေ့ လိုက်ပေမယ့် ကျွန်တော့်မျက်လုံးထဲ မှာရောကျွန်တော့် နှလုံးသားမှာရော
သူမ ကိုနေရာပေးလိုက်မိတယ် ။ နောက်... အဲဒီနေ့ က မိုးရွာတယ်... ကျွန်တော် သူမ ရှိရာကို စုံစမ်းပြီး... သူမ ကျောင်းတက်တဲ့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကို လိုက်သွားတယ် ။ သူမ အဲဒီနေ့ကမိုးရွာ
ပေမယ့်ကျောင်းရောက်လာခဲ့တယ် ။ ကျွန်တော် သူမ ကိုမြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ကျွန်တော် သူမ ရဲ့အလှမှာမျှောလွင့်ပြီးတော့ အသက်မေ့သွားသလိုခံစားခဲ့ရတယ် ။ ပြီးတော့ သူမ နားတိုးသွားတယ်...
နင့်ကို ငါချစ်တယ်လို့ ပြောပြီးလှည့်ထွက်လာခဲ့မိတယ် ..ကျွန်တော့်အဖြစ်ကလည်းတော်တော် အူကြောင်ကြောင်နိုင်ပါတယ် ။ ဒါပေမယ့် သူမ ကချက်ချင်းပါပဲ ကျွန်တော့်ကိုလှမ်းခေါ်တယ် .။ သူမ ပါးစပ်က
ကျွန်တော့်ကို ပြောလိုက်တဲ့ စကားက "နင့်လိုကောင်ကိုငါမစဉ်းစားဘူး" တဲ့ ... ။ ချက်ချင်းပဲ ...

"မိုးတွေသဲလာတယ် ...ကျွန်တော့်ရင်ထဲမှာ မိုးကြိုးတွေအဆက်မပျက် ပစ်နေတယ်
နှလုံးသားတစ်ခုလုံးက ရစရာမရှိအောင် စုတ်စုတ်ပြတ်ပြတ် နဲ့တစ်ပိုင်းတစစီ
ကွဲကြေသွားပြီလို့ခံစားလိုက်ရတယ် ... "

အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးလာတယ်..။ ကျွန်တော် သူမ ကိုမေ့လို့မရဘူး ... သူမ ကိုအရမ်းချစ်သွားခဲ့ပြီဆိုတာ သေချာနေပေပြီ ။ အချိန်တွေကြာလာပေမယ့် ကျွန်တော်အပတ်စဉ် စနေနေ့တိုင်းလုပ်ဖြစ်တာတစ်ခုရှိတယ် ..။ အဲဒါက သူမ ရှိတဲ့နေရာကို ကျွန်တော် ကိုယ်တိုင်ပဲံဖြစ်ဖြစ် သူငယ်ချင်း တစ်ယောက်ရဲ့အကူအညီနဲ့ပဲ ဖြစ်ဖြစ် သူမ ကြိုက်တဲ့ နှင်းဆီပန်းတွေကိုပို့ဖြစ်ခဲ့တယ် ..။ အစပိုင်းတော့သူမ မယူပဲငြင်းဆန်ခဲ့တယ် ။ ကျွန်တော် မရ မကနှင်းဆီပန်းတွေကို ထားပြီပြန်လာတော့မှ သူမက နှင်းဆီပန်းကို သူ့အိပ်ထဲထည့်ပြီး ပြန်သွားတယ် ..။ နောက်ပိုင်းမှာတော့သူမ ကျွန်တော်ပေးတဲ့ နှင်းဆီပန်းမှန်
သမျှကို မငြင်းဆန်တော့ဘူး ..။


သူမနဲ့ ကျွန်တော်နဲ့ ဆုံတွေ့ ခဲ့တဲ့ ရက်တွေများတယ် ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူမကျောင်းနဲ့နီးတဲ့ ၊ သူမကျူရှင်နဲ့ နီးတဲ့တဲ့နေရာမှာ အလုပ်လုပ်ပါတယ်၊ကျွန်တော်ဘာလုပ်လဲလို့မေးရင် ကျွန်တော်လှည်းတန်းကကွန်ပျုတာ သင်တန်းတစ်ခုမှာ သင်တန်းသားတွေကို စာသင်တဲ့အလုပ်လုပ်ပါတယ် ။ ကျွန်တော်မှာ ဆိုးတဲ့အရာ တစ်ခုရှိတယ် .. အဲဒါကဘာလဲဆိုတော့ တစ်ခုခုကိုလေးလေးနက်နက်ခံစားရရင် ရင်ဘတ်တစ်ခြမ်းကအောင့်တက်တယ် ... သူမနဲ့ ကျွန်တော်တွေ့လိုက်တိုင်း ကျွန်တော် အရမ်းပျော်တယ် သူမကျွန်တော့်ကို ဘယ်လိုပဲဆက်ဆံ ဆက်ဆံကျွန်တော်ကျေနပ်တယ် ... သူမဟာ ကျွန်တော့်ဘ၀ ၊သူမသာ ကျွန်တော့်ရဲ့စေတမန်လေးတစ်ပါးပါပဲ ။ ကျွန်တော် ပန်းတွေပို့ပြီး ၃ လလောက်ကြာတဲ့အခါမှာ သူမနဲ့ စကားပြောခွင့်ရခဲ့တယ် နောက်ပိုင်းတွေမှာ သူမ နဲ့ ကျွန်တော်ခင်မင်တဲ့ သူတွေဖြစ်ခဲ့တယ်... ။ သူမနဲ့ ကျွန်တော်ခင်ပြီးတဲ့တစ်နေ့မှာ ကျွန်တော်သူမကို ချစ်တယ် လို့ထပ်ပြောခဲ့တယ် .. ။ သူမ မငြင်းဆန်ခဲ့ ဘုး..။ သူမရဲ့ စဉ်းစားမယ်လို့ပြောလိုက်တဲ့ စကားနဲ့တင်... ကျွန်တော် ....ကျွန်တော်.. ပြောမပြနိုင်လောက်အောင်ပဲ ၀မ်းသာတယ်.။အဲဒီနေ့က .......
ကြယ်တွေက လမင်းမရှိလို့ မူးထူးပျော်ပါးကြတယ် ...
ကျွန်တော်လည်း သူမပစ်ပစ်ခါခါမငြင်းပဲ စဉ်းစားမယ်ပြောလို့
ကျွန်တော့် နှလုံးသားတွေက အရမ်းကို မြုးထူးပျော်ပါးနေတယ် ..။
သူမနဲ့ကျွန်တော်ခင်မင်ခဲ့တဲ့ ရက်ကစပြီးသူမက စည်ကမ်းသဘောမျိုးပေါ့ ... မလုပ်ပါနဲ့ မကိုင်ပါနဲ့ပေါ့... အဲဒါတွေက သူမနဲ့သူမမွေးနေ့ စနေနဲ့တစ်ရက်သာသူမနဲ့ တွေ့ခွင့်ရှိတယ်.. ပြီးတော့သူမဆီကို လုံးဝဖုန်း
ဆက်လို့မရဘူး . ။ ကျွန်တော်သူမနဲ့ပတ်သတ်ပြီး သိပ်မခံစားဖို့တွေပေါ့..ဒါပေမယ့် ကျွန်တော်နောက်ဆုံး တစ်ချက်ကိုတော့ မလိုက်နာနိုင်ခဲ့ဘူး သူမနဲ့ပတ်သတ်လာရင်ဘယ်လိုမှ မခံစားပါနဲ့လို့ ထိန်းချုပ်လို့ မရခဲ့ ဘ
ဘူး ..။ သူမနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ အချိန်တွေက ကျွန်တော့်အတွက် သူမအပေါ်ချစ်တာတွေက အနည်းဆုံး အချိန်တွေပဲ ဆိုတာကိုသဘောပေါက်မိတယ်... ။ သူမနဲ့ ခင်မင်ခဲ့ပြီး ၆ လလောက်ကြာတဲ့အခါမှာ သူမကျွန်တော့်ကို အဖြေပေးမယ်လို့ကတိပေးခဲ့တယ် ။ ဒါတွေကလည်း ကျွန်တော်သူမ ကိုတော်တော်ပြောခဲ့ရတာတွေပါ..။ အဲဒီနောက် ... သူမဆီကအဖြေကို ကျွန်တော်ရရှိခဲ့တယ်...။
အဲဒီနေ့က နိုဝင်ဘာလ ၁၇ ရက်... ကျွန်တော်မွေးဖွားချိန်ကတည်း ကအပျော်ဆုံးနေ့က ဘာနေ့လဲလို့မေးရင် သူမကျွန်တော့်ကို အဖြေပေးမယ့်နေ့လို့ပြောမိမှာပါပဲ ....

သူမ နဲ့ကျွန်တော်ကြိုက်တဲ့ အချိန်တွေက ကျွန်တော်အရမ်းကို ပျော်ရွှင်ခဲ့တယ် .. သူမရဲ့ ခပ်သဲ့သဲ့ ရယ်သံတွေက ကျွန်တော့်ရင်ကိုအေးမြစေတယ်... သူမရဲ့ ဆံနွယ်တွေ လူပ်ခက်သွားတိုင်း ကျွန်တော့်နှလုံးသားတစ်စုံက တစ်စက္ကန့်ကိုအကြိမ်ပေါင်းထောင်ချီ လူပ်ခက်စေတယ်.... သူမရဲ့ အကြည့်တစ်ချက်က ကျွန်တော်လဲပြိုကျပြီးသေလောက်တယ် ...ဒါပေမယ့် ကျွန်တော်မသေနိုင်ဘူး ကျွန်တော်သေသွားရင် သူမရဲ့အပြုံးတွေ..၊သူမရဲ့ အကြည့်တွေကိုမမြင်ရမှာ စိုးလို့ ...။ သူမနဲ့ ကျွန်တော် တွေ့ဆုံတဲ့ရက်က စနေတစ်ရက်ပဲတွေ့ဖြစ်တယ်.. သူမနဲ့ကျွန်တော် အမြဲတွေ့ဖြစ်တဲ့နေရာက အင်းလျားကန်ဘောင်မှာ ... အမြဲသွားဖြစ်တဲ့နေရာက Game Cityသူမက ဂိမ်းကစားတာလည်း အရမ်းဝါသနာပါတယ်... ။သူမဘာလုပ်လုပ် ကျွန်တော့်အတွက်တော့ သူမလုပ်သမျှတွေက ကျွန်တော်သူမကို ပိုချစ်မိစေတယ်..။မှတ်မှတ်ရရ ပေါ့ အဲဒီနေ့ သူမနဲ့ကျွန်တော်အင်းလျားကန်ဘောင်
ကခုံတန်းမှာ ထိုင်ပြီးစကားပြောဖြစ်တယ် ... သူမ စကားပြောရင် လက်ညိုးထိုးပြပြီးပြောတဲ့နေရာကို သေချာကြည့်မိတယ်... သူမပြောတဲ့စကားက....." အဲဒီအဆောက်အအုံတည်ဆောက်ဖို့ ညမ်းတွေဆင်နေတာတွေ့လားအဲဒီညမ်းတွေက အဲဒီအဆောက်အဦးဖြစ်မြောက်အောင် ပြီးမြောက်အောင်ပဲ ..၊ အဆောက်အအုံကြီးပြီးသွားရင် အဲဒီညမ်းတွေကို မဖြုတ်လို့မရဘူးတဲ့ ..." သူမပြောတဲ့စကားက ကလေးတောင်နားလည်တယ်ဆိုတာကို
ကျွန်တော်သိပါတယ် .. ဒါပေမယ့် သူမဘာကိုဆိုလိုတာလဲလို့ကျွန်တော်မေးတော့ သူမ နူတ်ပိတ်နေခဲ့တယ်... အဲဒီအချိန်ကတည်းက သူမ ကအချစ်တစ်ခုကို ညမ်းပုံစံမျိုးသဘောထားခဲ့တာကို ကျွန်တော်သိခဲ့ရင်.....

သူမနဲ့ကျွန်တော် ကြိုက်ပြီးတစ်နှစ်လောက်ကြာတဲ့ အချိန်မှာ သူမကျောင်းပြီးသွားတယ် .. သူမ ကျောင်းပြီကတည်းက သူမနဲ့ကျွန်တော် အဆက်အသွယ်လုံးဝမရ တော့ဘူး ကျွန်တော်ဘယ်လို ကြိုးစားပြီး ဆက်သွယ် ဆက်သွယ် ဆက်သွယ်လို့မရတော့ဘူး .. သူမ ရဲ့ ရင်ခွင်ကို လေစိမ်းတွေအရမ်းတိုက်လို့ကျွန်တော့်အပေါ်စိမ်းကားသွားခဲ့တာလား.... သူမ ရဲ့ အချစ်တွေက နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ပြီး အချစ်တွေအရောင်ပြောင်း
သွားတာလားလို့ စိုးရိမ်လာခဲ့တယ် ..။ သူမ နဲ့ ကျွန်တော်မတွေ့ ခဲ့တဲ့ ရက်တွေမှာ ကျွန်တော့်ဘ၀ ကဘာမှအဓိပယ် မရှိသလို မျှော်လင့်ချက်မရှိသလို အထီးကျန်တဲ့ရက်တွေပါပဲ ... သူမ နဲ့ အဆက်အသွယ်ပြတ်ပြီး၂ လ လောက်ကြာတော့ သူမဆီက စာတစ်စောင်ရောက်လာတယ်.. ကျွန်တော် ပြောမပြတက်အောင်ပဲ ၀မ်းသာမိတယ် ..။

အဲဒီနေ့ က မနက်အစောကြီး ထပြီးသူမချိန်းထားတဲ့ နာရီထက် ၂နာရီလောက်စောပြီအင်းလျားကန်ဘောင်ပေါါ်ရောက်ရှိနေတယ်... သူမ နဲ့ တွေ့ရမှာမို့ စိတ်တွေအရမ်းလှုပ်ရှားနေတယ် ... သူမ ချိန်းထားတဲ့ နာရီမှာပဲ
သူမရောက်ရှိလာတယ်... သူမ က ကျွန်တော့် အရှေ့မှာ ရပ်ပြီး " နင်ငါ့ကိုမေ့လိုက်တော့ ငါအစကတည်းက နင့်ကိုချစ်ခဲ့တာမဟုတ်ဘူး ငါ့ဘ၀မှာအချစ်ဆိုတာက အရင်တုန်းကဒီနေရာမှာငါပြောခဲ့သလို ညမ်းပဲ ...
ငါ့တွက်မရှိမဖြစ်မလိုအပ်ဘူး ငါအရှင်းဆုံးပဲပြောမယ် ငါဒီနေ့ ညနေ ထိုင်းလေကြောင်းနဲ့ ဂျပန်ကိုသွားတော့မယ် ... နင့်ကို လာနူတ်ဆက်ရင်း ငါနင့် အပေါ်ထားတဲ့ စိတ်ကိုသိအောင်လာပြောပြတာ ငါသွားတော့မယ် " သူမ မျက်ရည်စတစ်ချို့ကို မြင်လိုက်မိတယ်......
သူမ ကျွန်တော့်ရှေ့က ထွက်သွားပေမယ့် ကျွန်တော်ဘာပြောရမှန်းမသိအောင်လည်ချောင်းတွေက တစ်ဆို့နေတယ် ... ကျောက်ရုပ်တစ်ရုပ်လိုပဲ ဘာမလှုပ်နိုင်တော့ဘူး ... ကျွန်တော်သတိပြန်ဝင်ပြီး ကြည့်လိုက်တော့သူမ ကားပေါ်တက်နေပြီ ... ကျွန်တော် အရူးတစ်ယောက်လိုပဲ သူမအနောက်ကို လိုက်သွားတယ် သူမ ကားကအရှိန်ပြင်းပြင်းနဲ့ခရီးနှင်သွားတယ် .. ကျွန်တော်သူမရဲ့ ကားနောက်ကိုလိုက်တယ် ဘယ်လိုမှမမှီနိုင်တော့ဘူးကျွန်တော်ပလတ်ဖောင်းပေါ်မှာ ထိုင်ချလိုက်တယ် ... သူမ ပြောသလို အချစ်တစ်ခုက လွယ်လွယ်လေးနဲ့ မေ့လို့ရနိုင်မယ်ဆိုရင်.... ကျွန်တော့် ရင်တွေမွန်းကျပ်လာတယ် ပြီးတော့ရင် ဘတ်ကအောင့်တက်လာတယ်...
ကျွန်တော် ဘယ်လိုမခံစားနိုင်တော့ဘူး.... ကျွန်တော်.......................

....ဒီမျှသာ....

လင်းနစ်... နေညိုရင်

ကမ္ဘာကိုပိုင်စိုးမဲ့လက်



ကျွန်တော် ၁၀ နှစ်သားလောက်တုန်းကပေါ့ ... အဲဒီတုန်းက ကျွန်တော်တို့မိသားစုလေးဟာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက် တစ်ခုမှာနေထိုင်ခဲ့တယ် ။ မီးဖိုချောင်မှာ တစ်ကုပ်ကုပ်နဲ့ ထမင်းချက်၊ ဟင်ချက်ပြီးလို့
ထမင်းပွဲပြင်နေတဲ့ မေမေ့ကို ကြည့်နေခဲ့တဲ့ အချိန်လေးတွေကို သတိတရရှိမိပါတယ် ။ ပထမဆုံးမေမေလုပ်တာက သူမရဲ့လက်ထပ်လက်စွပ်ကို ကြောင်အိမ်ပေါ်မှာ ခဏတင်ထားပါတယ် ။ပြီးမှထမင်းချက် ၊
ဟင်းချက် အလုပ်ကိုလုပ်ပါတယ် ၊မှတ်မှတ်ရရနေ့လေးတစ်နေ့ကတော့ ဖေဖေ မေမေ့ကို လက်စွပ်တစ်ကွင်း ထပ်ဝယ်ပေးတဲ့ နေ့တစ်နေ့ပါပဲ ၊ ဒါပေမယ့်မေမေက ဖေဖေထပ်ဝယ်ပေးတဲ့ လက်စွပ်ကိုမ၀တ်ခဲ့ဘူး ။
လက်ထပ်လက်စွပ်ကိုပဲ ၀တ်ဆင်ခဲ့တယ် ။အဲဒါနဲ့ ကျွန်တော်လည်းမေမေ့ကို ဘာကြောင့်မ၀တ်တာလဲလို့မေးကြည့်တော့ မေမေက သူမရဲ့လက်တွေမလှတော့ဘူးဆိုပြီးအကြောတွေထနေတဲ့ လက်တွေကိုကျွန်တော့်ကို
ပြပါတယ် ။

ဒါပေမယ့် မေမေ့ရဲ့လက်တွေမလှတော့ဘူးဆိုတာ ကျွန်တော်လက်မခံနိုင်ခဲ့ဘူး ။ ဒီလက်တွေက ကျွန်တော့်် အတွက်ရင်းရင်းနှီးနှီး ရှိနေခဲ့တဲ့ လက်တွေပါ ။ကျွန်တော် ငယ်ငယ်ကအပြင်သွားရင်အားကိုး တကြီးကိုင်ဆွဲခဲ့တဲ့လက်
ကျွန်တော်လမ်းလျှောက်တက်စကတည်းက လဲပြိုကျခဲ့ရင်ပြန်ထူပေးခဲ့လက် ၊ကျွန်တော်နေမကောင်ဖြစ်ရင် ကျွန်တော့်နဖူးပေါ်လာတင်ပြီး ကြင်နာမှုအပြည့် နဲ့ စမ်းသပ်ခဲ့တဲ့မေ့မေ့လက်၊ ကျွန်တော်တို့ မောင်နှမ မိသားစုအတွက်
မနက်စာ ညစာ ချက်ကျွေးခဲ့တဲ့လက် ၊အဲဒီလက်တွေဟာ ကျွန်တော့် အတွက်တော့ အမြဲအေးမြတဲ့လက် ၊ကမ္ဘာကိုပိုင်စိုးမဲ့လက်ဆိုလည်း မမှားပါဘူး ။

အချိန်တွေကတဖြည်းဖြည်းနဲ့ ကုန်ဆုံးလာခဲ့တယ်..။ မေမေ့ရဲ့ နွေးထွေးတဲ့လက်တွေကို မေ့လျှော့လာခဲ့တယ် ။ စာသင်ချိန်ပြီးရင် အပြင်ထွက်ပြီး မဟုတ်တာတွေ လုပ်တက်လာခဲ့တယ် ။ ဆိုးတာကဆေးလိပ်ရဲ့ကျေးကျွန်ကို ကိုယ့်ကိုကိုယ်
မသိဘဲ ဖြစ်လာခဲ့တယ် .။ ကျွန်တော့်အတွက်အဆိုးဆုံးဖြစ်ခဲ့တဲ့ အချိန်ကတော့ ၁၀ တန်းဖြေပြီးတဲ့နှစ်တစ်ခုမှာ ဆေးလိပ်ကနေ ဖန်စီဒိုင် အထိဖြစ်လာခဲ့တယ် ။ အဲဒီအချိန်မှာ မေမေ့ရဲ့ နွေးထွေးတဲ့လက်တွေက ကျွန်တော့် ရဲ့ပါးပြင်ပေါ်ကို
ရောက်ခဲ့တာလည်း ကျွန်တော်မမှုနိုင်လောက်အောင် စွဲလန်း တပ်မက်ခဲ့တယ် ။ နောက်တော့ အဆုံးစွန်ဆုံးအထိ Heroin ကိုစတင်စွဲလာခဲ့တယ် ။

ပူပြင်းတဲ့နေ့တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အခန်းမှာ ခါးပတ်ကိုလက်မှာ ပတ်ပြီး Heroin သွင်းဖို့အကြောရှာပါတယ် ။ကျွန်တော်ရဲ့လက်တစ်ခုလုံး အပ်ရာတွေနဲ့ ပွနေပါတယ် ။ရှာလို့မရတဲ့အဆုံးမှာ လက်ဖမိုးပေါ်က အကြောကိုရှာပါတယ်
အရိုးအပြိုင်းပြိုင်းထနေတဲ့ ကျွန်တော့် လက်ကို ပြန်မြင်မှ တစ်စုံတစ်ခုကို ပြန်လည်သတိရစေခဲ့ပါတယ် ။ အဲဒါက ဟိုးတစ်ချိန်က ကျွန်တော့်ကို လက်တွေမလှတော့ဘူး ဆိုပြီး သူမရဲ့လက်တွေကို ပြခဲ့တဲ့မေမေ..။။အကြော အပြိုင်းပြိုင်းထတာချင်း
တူပေမယ့် မေမေရဲ့ လက်တွေနဲ့ ကျွန်တော့်ရဲ့ လက်တွေက မိုးနဲ့မြေလို ပဲ အရမ်းကို ကွာခြားခဲ့ပြီဆိုတာကို ကျွန်တော်သဘောပေါက်လာခဲ့ပါတယ် ။ ပြီးတော့ မိသားစုကိုပြန်ကြည့်လိုက်တော့ မိသားစုအကုန်လုံး က ကျွန်တော့်ကြောင့်အားလုံး
စိတ်ဆင်းရဲသောက ရောက်နေကြပြီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်ဟာအရမ်းကိုစိတ်ထိခိုက်ခဲ့ရပါတယ် ။ အဲဒီနောက်မှာ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ခဲ့ပါတယ် ။

ကျွန်တော် ကြမ်းတမ်းတဲ့ခရီးတစ်ခုကို ဖြတ်ကျော်နိုင်ပါပြီ ၊ရွာသာကြီး (သပြေခြံ) ဆေးရုံရဲ့ကုတင်ပေါ်မှ ဆေးဖြတ်တဲ့ဝေဒနာတွေကိုပြင်းပြင်းထန်ထန် ခံစား ခဲ့ရပါတယ် ။ ကျွန်တော်ဒီခရီးကို ဖြတ်သန်းနေတဲ့ အချိန်ကာလမှာ ကျွန်တော့်အနားမှာ
မားမားမတ်မတ် ရပ်တည် ခဲ့တာက ဖေဖေနဲ့ မေမေ ပါ ။ ကျွန်တော့် ရဲ့လက်တွေကို ဆုတ်ကိုင်ထားခဲ့တဲ့ မေမေ့လက်တွေဟာကျွန်တော့်အတွက်တော့ အားဆေးတစ်ခွက်၊ ဒီလက်တွေရဲ့အင်အားနဲ့ပဲ ဒီခရီးကို အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်
ခဲ့ပါပြီ ။ ကျွန်တော်ထင်တယ် ကမ္ဘာမြေကြီးတစ်ခုလုံးက အရမ်းကို သာယာလှပနေတယ်လို့ ...။ဆေးရုံရဲ့မှိန်ပြပြအလင်းရောင်အောက်မှာ ကျွန်တော် မျက်လုံးဖွင့်ပြီးမေမေကို ကြည့်မိလိုက်တော့ မေမေဟာ လက်ကလေးနှစ်ဖက်ယှက်ပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေပေပြီ ။

ဆေးရုံကဆင်းပြီး စိတ်ဓာတ်ပြန်လည်ထူထောင်ရေးစခန်းကို ၀င်ခဲ့ပြန်ပါတယ် ။ တစ်နေ့ အပြန်လမ်းမှာ ကားစရီယာတိုင်ပေါ်မှာ တင်ထားတဲ့မေမေ့လက်တွေကို မေမေကကြည့်ပြီးမေမေ့လက်တွေအခြေအနေတော်တော်ဆိုးတယ်လို့ ပြောခဲ့ပြန်တယ်။
အဲဒီအချိန်မှာ ကျွန်တော့်လက်ကို မသိမသာပြန်ကြည့်မိခဲ့တယ် ။ အရင်ကလောက်တော့ အပ်ရာတွေမရှိတော့ပေ။ ဒါပေမယ့် ကျွန်တော့်ရဲ့လက်တွေ ကလည်းမေမေလိုပဲ ဆိုတာမေမေ့ကို ပြခဲ့တယ် ။မေမေ နဲ့ကျွန်တော်တို့ တစ်ယောကိုယ်တစ်ယောက်ကြည့် ပြီး
အပြန် အလှန်ပြုံးမိတယ် ။ အဲဒီအပြုံး တွေက ကမ္ဘာမြေတစ်ခုလုံးကို အလှဆင်နိုင်မဲ့အပြုံးတွေဆို တာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပေ...။ လူသားအားလုံး မူးယစ်ကင်းစင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ ...။

လေးဖြူ ဖန်စီဒိုင်

(ဤစာများသည် စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ၊A Nwri ရေးသားသော My Mother Hands ကိုလည်းမှီငြမ်းပါသည် ။ ပြီးတော့ကျေးဇူးတင်ထိုက်သော မကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ။)