မင်းသတိရဦးမလား ..
ကောင်းကင်မှာနေညို ၊ရွှေအိုရောင်တွေမြင်ရင်
တို့နှစ်ယောက်ကြည်နူးခဲ့တာ
တို့နှစ်ယောက်ရဲ့ အချစ်တွေလတ်ဆက်ခဲ့တာ..။
အခုတော့ ခပ်စူးစူးနေညိုရွှေရောင်တွေ အောက်မှာ
မင်းရဲ့အချစ်တွေပါရောပြီး နေ၀င် သွားပြီလား..
ငါနှစ်သက်တဲ့ ကောင်းကင်ကြီးရေ ...
ခင်ဗျားရဲ့ လှပတဲ့နေညိုရွှေရောင်တွေ ဘယ်မလဲ ??
ခင်ဗျားရဲ့ နေ၀င်ချိန်တွေမှာ ကျွန်တော်ကြည်နူးခဲ့ပေမယ့် ..
အချစ်ရဲ့နေ၀င်ချိန်တွေမှာတော့ ၀မ်းနည်းပက်လက်ပါပဲ..။
ကောင်းကင်ရဲ့ အရောင်တွေ ပြောင်းလဲတတ်သလို
မင်းရဲ့အချစ်တွေ ပြောင်းလဲခဲ့တာလား
အမှန်အတိုင်း ၀န်ခံရကြေးဆို
ဟောဒီ ရင်ဘတ်နဲ့ချစ်ခဲ့တဲ့ငါ ရှုံးခဲ့တာပေါ့
ခရမ်းရင့်ရောင် ငါ့ကောင်းကင်နှလုံးသားအပေါ်
မင်းတိမ်တွေ ခဏတာ ဆော့ကစားရာ
ငေးကြည့်ခွင့်ရခဲ့တဲ့ အဖြစ်မို့
မင်းခြေရာ ပါးပါးလေး တစ်စုံကိုတော့
ငါ့နှလုံးသားပေါ် အမှတ်တရ ထင်ကျန်ရစ်ခဲ့ရပေါ့ ။
နေညိုချိန်ဆို နင်လာရာလမ်းဆီမျှော်နေမိတတ်တဲ့ငါ့အဖြစ်နဲ့
လမ်းလျှောက်ရင်း လမ်းပျောက်တတ်တဲ့ မင်းရဲ့အကျင့်
ညနေခင်းရဲ့ နေ၀င်ချိန်ဟာ အကျီးတန်စွာ ဆံွ့အ
ဒီတစ်ညမှာလဲ ငါ့အိပ်မက်တွေ ဗလာနဲ့
ငါ့အထီးကျန်ညတွေ အသက်ဆက်ရဦးမယ် ။
တကယ်တော့ငါဆိုတဲ့ကောင်က
မင်းထားရာနေ စေရာသွား...
မင်းတောင့်တလိုက်ရင် ငါ့နှလုံးသားတွေလမ်းခင်းပေးဖို့ အဆင်သင့်
ဒါတွေမင်းတကယ်မသိခဲ့လို့လား...
သိသိကြီးနဲ့ ရူးချင်ယောင်ဆောင်ခဲ့တာလား...။
နေ၀င်သွားတဲ့ အချစ်
♥♥♥♥♥♥♥♥♥♥♥♥
(ဒီကဗျာလေးကို ကျွန်တော့် သူငယ်ချင်းကဗျာဆရာ တင့်ထူးရွှေ နှင့်အတူခံစားရေးဖွဲ့ပါသည်။)
အညွှန်း... ကဗျာ
Subscribe to:
Post Comments (Atom)
7 ယောက်ကဒီလိုထင်တယ်:
ကောင်မလေးကို နားရင်းရိုက်ပြီး ပြောလိုက် "ရူးချင်ယောင်ဆောင်မနေနဲ့။"
အလကား နောက်တာပါ။
ငါနှစ်သက်တဲ့ ကောင်းကင်ကြီးရေ ...
ခင်ဗျားရဲ့ နေ၀င်ချိန်တွေမှာ ကျွန်တော်ကြည်နူးခဲ့ပေမယ့် ..
အချစ်ရဲ့နေ၀င်ချိန်တွေမှာတော့ ၀မ်းနည်းပက်လက်ပါပဲ..။ နဲ့
မင်းတိမ်တွေ ခဏတာ ဆော့ကစားရာ
ငေးကြည့်ခွင့်ရခဲ့တဲ့ အဖြစ်မို့
မင်းခြေရာ ပါးပါးလေး တစ်စုံကိုတော့
ငါ့နှလုံးသားပေါ် အမှတ်တရ ထင်ကျန်ရစ်ခဲ့ရပေါ့ ။... ဆိုတဲ့ အဖွဲ့လေးတွေကို ကြိုက်တယ်ဗျာ။
အောက်ကစာသားက ဒီအညတရ
ရင်ဘတ်ကြီးကို တည့်တည့်ကိုမှန်တာပဲဗျို့။
ဒီတစ်ညမှာလဲ ငါ့အိပ်မက်တွေ ဗလာနဲ့
ငါ့အထီးကျန်ညတွေ အသက်ဆက်ရဦးမယ် ။.......
ဒီလိုညတွေနဲ့ အသက်ဆက်ခဲ့တာ ကြာပေါ့......
အထီးကျန်ညတွေကုန်ဆုံးပါစေ..
"ကောင်းကင်မှာနေညို ၊ရွှေအိုရောင်တွေမြင်ရင်
တို့နှစ်ယောက်ကြည်နူးခဲ့တာ
တို့နှစ်ယောက်ရဲ့ အချစ်တွေလတ်ဆက်ခဲ့တာ..။"
အဲဒီအရေးအသားလေးကို ခိုက်တယ်။
ကျွန်တော့် စာကလေးမလေးလဲ အဲ့ဒီအချိန်ကို ကြိုက်တယ်ဗျ။ဟတ်ဟတ်ဟတ်။။။
"ကောင်းကင်ရဲ့ အရောင်တွေ ပြောင်းလဲတတ်သလို
မင်းရဲ့အချစ်တွေ ပြောင်းလဲခဲ့တာလား
အမှန်အတိုင်း ၀န်ခံရကြေးဆို
ဟောဒီ ရင်ဘတ်နဲ့ချစ်ခဲ့တဲ့ငါ ရှုံးခဲ့တာပေါ့ "
မရှုံးပါဘူးဗျ။ ရှုံးတယ်လို့ မထင်နဲ့ အဲဒါတကယ်တော့နိုင်ခဲ့တာ။ ကိုယ့်ဘက်က သူ့အပေါ်ကို ပွင့်လင်းရိုးသားစွာ ကာကွယ်မှုမရှိပဲချစ်နိုင်ခဲ့တာ နိုင်တာဗျ။
ဂါရေ့ ခံစားချက်တွေ ရေလည် လန်းနေတယ်ဟ ဂွတ်တယ် ကိုတင့် နဲ့  ရေးတော့ ပိုထိတာပေါ့ ဒီလိုပဲ တစ်ခါခါ ချစ်လွန်းလို့  ထားရာနေ စေရာသွားနေပြန်တော့လည်း ငအ ကြီးလို့  ထင်ကြတယ်လေ အဲ့တော့ ငါ့လိုပဲ အကြွေးအော်တောင်းလိုက် မရရင် ပြော ငါ ဒူးရင်ခွံနဲ့ ဖူးသွားထုပေးတယ် ဟီးးးး
“ငါပေးခဲ့ဖူးတဲ့အချစ် အခုခေတ် ကာလပေါက်ဈေးနဲ့  တွက်ရင်
လူတွေပြောပြောနေကြတဲ့ ( ၁၅၀၀) အချစ်ဆိုတာထပ် (၂) ပိဿလောက်ပိုနေပြီး
ကျေးဇူးပြု၍ချစ်သူ
အတိုးမရရင် နေပါစေ
ငါချစ်ခဲ့မိတဲ့အချစ်တွေအတွက် အရင်းတော့ ပြန်ပေးပါ
မင်းမသိဟန်ဆောင်နေတာ ငါသိတယ်..”
အဲ့တိုင်း တစ်နေ့  ၅ ကြိမ်အော်ပါ ပြန်ဘာမှာမဟုတ်ဘူးသေချာတယ် :)
ကောင်းကင်ကြီးရေ (ရွှေရောင်ကောင်းကင်ကို ခေါ်တာပါ ကဗျာထဲက ကောင်းကင်ကြီး မဟုတ်ပါး) စာသားတိုင်းက လှနေတဲ့ ကဗျာတစ်ပုဒ်ပါပဲ။
“ခရမ်းရင့်ရောင် ငါ့ကောင်းကင်နှလုံးသားအပေါ်
မင်းတိမ်တွေ ခဏတာ ဆော့ကစားရာ
ငေးကြည့်ခွင့်ရခဲ့တဲ့ အဖြစ်မို့”
အဲဒီနေရာရောက်တော့ ခဏလောက် ငိုင်သွားတယ်း) ရေးတဲ့သူ၂ယောက်လုံး Bravo ပါ။
နှိုးရခက်အောင် အိပ်ချင်ယောင်ဆောင်နေတာ ထင်တယ်ဗျ။
တို့နှစ်ယောက်ရဲ့နေ့သစ်ဆိုတာ ညတိုင်းလကွယ်နေ့မှ မဟုတ်တာကွာလို့ပြန်ပြောလိုက်လေ ဂိုးဒင်းစကိုင်းရ... :P
အထီးကျန်ညတွေ ကုန်လွန်ပါစေရှင်...း)
သိသိကြီးနဲ့ ရူးချင်ယောင်ဆောင်တယ်ဆိုရင်တော့ သိပ်တော့ အဟုတ်တော့ဘူးနော့ ...။
Post a Comment