တခါတရံ

တခါတရံ......
ကိုယ့်ကြောင့်မည်သူမှ မနစ်နာစေလိုသောအခါ
ကိုယ့်ကိုကိုယ်ပဲ နာကြဉ်အောင်လုပ်ခဲ့တယ်..။
တခါတရံ.......
ကိုယ့်ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ မခံစားစေလိုသောအခါ
ကိုယ့်ခံစားချက်တွေကိုပဲ မြေမြှပ်သဂြိုလ်ခဲ့ရတယ်..။
တခါတရံ......
ကိုယ့်ကြောင့် ချစ်သူကို စိတ်မညစ်စေလိုသောအခါ
ကိုယ်ကိုတိုင်ပဲ စိတ်ညစ်စေခဲ့ရတယ်... ။
တခါတရံ.....
မှာတော့ ကျွန်တော့်ကိုလူတွေက ၊ကျွန်တော်ချစ်တဲ့ကျွန်တော့်ချစ်သူက...
ဒီလိုလည်းပြောနေတက်ကြတယ်....

"အုံပုန်း"
"သတ္တိမရှိတဲ့သူ... မချစ်တက်သောသူ"တဲ့...

တခါတရံတော့ အဲဒီတခါတရံတွေကို တွန်းလှန်ပလိုက်ချင်တယ်...
တခါတရံပေါင်းမြောက်များစွာကို ပတ်ပတ်စက်စက်မုန်းချင်နေမိတယ်
အဲဒီအချိန်ကြရင် လူတွေ ဘာပြောမလဲဆိုတာလည်း နားထောင်ကြည့်ချင်တယ်...
တကယ်တော့ တခါတရံဆိုတာ စကားလုံးတွေ မဲ့နေတယ်..၊ခံစားချက်တွေ ကင်းမဲ့ချင်ကင်းမဲ့နေပါလိမ့်မယ် ၊
ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရတာတော့ တနင့်တပိုးကြီးပါပဲ...။
ဒါတွေ မည်သူသိနိုင်ပါမည်နည်း...?????

(လာရောက်လည်ပတ်ကြသော ညီအစ်ကို ၊မောင်နှမများအား ဖတ်စရာမရှိပဲပြန်ပြန်သွားရတာအားနာလို့တင်လိုက်တာပါ..။ ကျွန်တော်ရေးထားတာသိပ်တော့ကောင်းမယ်မထင်ပါဘူး... သည်းခံပြီးသာဖတ်သွားကြပါ.. ။
biggrin)

7 ယောက်ကဒီလိုထင်တယ်:

အညာသား said...

တစ်ခါတစ်လေနှုတ်ဆိတ်မှုများစွာ၊ တစ်ခါတစ်လေမွန်းကြပ်မှုများစွာ၊
တစ်ခါတစ်လေရိုးသားမှုများစွာနဲ့ အဖြေတစ်ခုကိုရှာ ပေါ့ဗျာ။ ဟဲဟဲဟဲ။ :P

ရွှေပြည်သူ said...

တခါတရံ စာမေးပွဲရှိရက်နဲ့လည်း ကောင်းကင်တစ်ယောက် ဤသို့ဤနှယ် ပေါက်ကွဲတတ်ပါတယ်း)) ဒီတစ်ခါတော့ ဖတ်စရာ မရှိဘဲ ပြန်မသွားရလို့ ကျေးဇူးပဲ ကောင်းကင်ကြီးရေ။ ခံစားရတာတွေ သက်သာပြီး ပျော်ရွှင်နိုင်ပါစေး)

miss said...

တခါတရံ..အုံပုန်းလေး...တခါတရံ..သတ္တိမရှိတဲ့သူကြီး...တခါတရံ...မချစ်တတ်သူကြီး...သူများတွေပြောသလိုပြောကြည့်တာ..အဟီး

:p

ein said...

တခါတရံမှာတော့ ခံစားချက်တွေကို မြေမြှပ်သဂြိုလ်....း)
တခါတရံ ဂိုးဒင်းစကိုင်းသည် စာမေးပွဲရှိတဲ့ကြားမှ ခုလိုပေါက်ကွဲတတ်ပါသည်...:P

Heartmuseum said...

ဟုတ်တယ် တချို့လူတွေက တခါတလေ သည်းခံတာကို အတယ်လို့်မှတ်ကြတယ်။

မောင်မျိုး said...

ခံစားချက်ကို နားလည်တယ် ။ လူ့ အပြောဘယ်သူ ကလွတ်လို့ လည်း လောမမရှိတော့ အပျင်းထူတယ် စကားများများပြောရမှာ စိတ်မပါတော့ မာနကြီးတယ် အထာကိုင်တယ် အဲ့လိုတွေပေါ့း) ။

ဖူးဖူး said...

ရေးထားတာ ခံစားလို့ရတယ်။ ဒါကလည်း ကိုယ့်စတိုင်ကိုယ်ပါပဲလေ။ တစ်ယောက်တည်း ခံစားရတာ အကောင်းဆုံးပေါ့