လေပြင်းတိုက်ခက်သွားတဲ့ အဟုန်နဲ့အတူ သစ်ပင်ကြီးများရဲ့မျိုးစေ့တွေဟာ အဝေးတစ်နေရာကိုလွင့်ဝဲပျံထွက်သွားကြတယ်။ တောတောင်ကြီးတစ်ခုလုံးလည်း လေပြင်းတိုက်ခတ်သံနဲ့ သစ်ပင်တွေယိမ်းနွဲ့သံမှလွဲပြီး တခြားဘာသံမှမကြားနိုင်လောက်အောင်တိတ်ဆိတ်နေလေရဲ့ ..။ လွှင့်ဝဲပြီးလွှင့်ထွက်သွားတဲ့ မျိုးစေ့တွေနဲ့အတူကျွန်တော်လည်း ပါဝင်ခဲ့ပါတယ်..။ လေပြင်းရဲ့ အရှိန်ပြင်းပြင်းတိုက်ခတ်မှုတွေနဲ့အတူကျွန်တော်တို့မျိုးစေ့များဟာ အဝေးတစ်နေရာရဲ့ မြစ်ကမ်းဘေးကိုရောက်ရှိခဲ့တယ်..။ ကျွန်တော်တို့ဟာနောင်မကြာခင်မှာ မြစ်ဘေးရဲ့တစ်နေရာမှာ သစ်ပင်တစ်ပင်အဖြစ်ရပ်တည်ခွင့်ရရှိကြတော့မယ်..။ ကျွန်တော်တို့ မျိုးစေ့တွေကိုဘယ်သူကမှ မြစ်ဘေးမှာပေါက်ရောက်ဖို့ကို စေခိုင်းခဲ့တာမဟုတ်ဘူး ...။ ကိုယ့်ဘာသာကိုယ် ပေါက်ရောက်ခဲ့တာ ..။ တချို့သော သစ်ပင်များကမေးကြတယ်...
"မြစ်ဘေးကသစ်ပင်ဆိုတာ အခြေမခိုင်ဘူး ပြိုလဲကျကုန်သော ကမ်းပါးတို့နဲ့အတူမင်းတို့လည်း စောစောစီးစီးပြိုလဲကျသွားမှာပဲ အဲလိုမျိုးအခြေအနေရှိတာကို မင်းတို့က မြစ်ဘေးမှာ ဘာလို့သစ်ပင်အဖြစ်ရပ်တည်နေချင်ကြတာလဲ "လို့မေးကြတယ် ..။
"ကျွန်တော်တို့အသက်ဆက်ပြီးရှင်သန်ချင်နေတာက ကျွန်တော်တို့အနောက်မှာရှိတဲ့ကမ္ဘာမြေကြီး ၊မြောက်များစွာသောသစ်ပင်အားလုံးကို မြစ်ပြင်ရဲ့တိုက်စားချင်တိုင်းတိုက်စားလို့မရအောင် ကျွန်တော်တို့ရဲ့အမြစ်တွေရဲ့ ဖတ်တွယ်ပေးထားတယ် ၊ကျွန်တော်တို့ရှင်သန်မှုတွေနဲ့ အတူ ဟိုးအဝေးတစ်နေရာမှာနေတဲ့ လူတွေအတွက် လေကောင်းလေသန့်တွေကိုလည်း ထုတ်လုပ်ပေးနိုင်လို့ပါပဲ..."
ဒီလိုနဲ့ပဲကျွန်တော်တို့ဟာ သစ်ပင်ပျိုဘ၀ကိုရောက်ရှိခဲ့ကြတယ်ဗျ..။ တစ်နေ့နဲ့တစ်နေ့ လေပြေ၊လေညှင်းတို့ရဲ့ တိုက်ခတ်သံ ကျွန်တော်တို့တွေရဲ့ ယိမ်းနွဲ့သံတွေနဲ့အတူ နေ့ရက်တွေကို အတူဖြတ်သန်းခဲ့ကြတယ်..။ သူများတွေစီးဆင်းချင်တိုင်းစီးဆင်းနေတာကိုကြည့်ရတော့လည်း တမျိုးကြည်နူးမိပြန်ရဲ့ .....။ မြစ်ပြင်ကြီးရဲ့စီးဆင်းမှုနဲ့အတူ မြစ်ပြင်ကြီးရဲ့ သယ်ဆောင်မှုမှာ လွှင့်မြောပြီးလိုက်ပါလာတဲ့ ဗေဒါတွေ..၊ဒိုက်တွေကလည်း ကျွန်တော်တို့ကို ဒီလိုသရော်သွားလေရဲ့.....
"ခင်ဗျားတို့က မြစ်ပြင်ကပေးတဲ့ ရေတွေကို အားရပါးရ သောက်သုံးနေတဲ့ကောင်တွေကမ္ဘာမြေအတွက်ဘာမှ အားမကိုးရဘုး"
တကယ်တော့ကျွန်တော်တို့က မြစ်ပြင်ကပေးတဲ့ရေကိုသောက်သုံးခဲ့တယ် ၊ဒါကြောင့် သောက်သုံးလိုက်တဲ့ရေတွေနဲ့အတူ ကမ္ဘာမြေကြီးရဲ့လိုအပ်ချက်တွေ ကိုယ်စွမ်းနိုင်သလောက်ပြန်ပေးချင်တာကိုတော့ သူတို့မသိပေဘူး ။သူတို့တစ်သိုက်ရဲ့သရော်သံ တွေဟာ အစပိုင်းတော့ကျွန်တော်တို့အတွက် စိတ်အနှောက်ယှက်ဖြစ်စေခဲ့တယ်..။ နောက်ပိုင်းတော့လည်း သူတို့ကိုနားလည်ပေးနိုင်ခဲ့တယ်။ ဘယ်လိုမျိုးလဲလို့မေးရင် .....

"ဗေဒါတွေ ၊ဒိုက်တွေဆိုတာ သူတို့ဆက်လက်လွှင့်မျှောနေဖို့အတွက် ၊ သူတို့ဒီရေပြင်ထဲမှာဆက်လက်ရပ်တည်ဖို့အတွက် အခုလိုစကားတွေပြောဖို့လိုခဲ့တယ်..အဲလိုစကားတွေပြောပြီးတိုင်းလဲ သူတို့ဟာအခြေမခိုင်စွာနဲ့ ဆက်လက်လွှင့်မြောသွားကြတယ်၊ တစ်နေ့နေ့တော့သူတို့ အခြေမခိုင်စွာနဲ့ပဲ သူတို့ရဲ့ခရီးတွေအဆုံးသတ်သွားကြမယ်လို့ နားလည်နိုင်ခဲ့တယ် "
မြစ်ပြင်ရဲ့ ထုတ်လွှတ်လိုက်တဲ့ လှိုင်းလုံးတွေဟာကျွန်တော့်ပင်စည်ခြေရင်းကိုလာရောက်ရိုက်ခက်ကြတယ် ။ရိုက်ခက်လာတဲ့ လှိုင်းလုံးတွေနဲ့ အတူကျွန်တော့်ပင်စည်အောက်ကမြေကြီးတွေက ခုန်ဆင်းသွားကြတယ် ၊ခုန်ဆင်းသွားတဲ့ မြေကြီးတွေကြောင့် ကျွန်တော့်ရဲ့အသက် သွေးကြော အမြစ်တွေဟာ အပြိုင်းပြိုင်းပေါ်လာတယ်...။ဒါပေမယ့် ကျွန်တော်အသက်ဆက်ရှင်နိုင်သေးတယ် မသေသေးဘူး ။ ကျွန်တော်ရှင်သန်နေသရွေ့တော့ ဒီကမ္ဘာမြေကြီးကို ဖက်တွယ်ပေးထားရဦးမှာပဲ ..။ အဲဒီလိုဖက်တွယ်ပေးထားတာက ကျွန်တော်ရှင်သန်နေတဲ့ နေရာရဲ့အနောက်မှာ ကျွန်တော့်ကို မွေးဖွားပေးလိုက်တဲ့ မိခင်သစ်ပင်တွေရှိတယ် ၊ နောင်တော် သစ်ပင်တွေရှိတယ် ၊ အရွယ်မရောက်သေးတဲ့ သစ်ပင်ငယ်တွေရှိတယ် ၊ကျွန်တော့်အနောက်မှာ ရှိတဲ့ အမျိုးမျိုးရှင်သန်နေကြသော သစ်ပင်တွေအားလုံး အတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ စေတနာပါပဲ ..။ အခုတော့ ကျွန်တော်ရှင်သန်နေတယ် ... နောင်မှာလည်း ........ ဆက်လက်ရှင်သန်နေဦးမည်..။

3 ယောက်ကဒီလိုထင်တယ်:
အရေးအသားနဲ့ သရုပ်ဖော်ပုံတွေ သိပ်ကောင်းပါတယ် ကောင်းကင်ရေ။ “ကျွန်တော်ရှင်သန်နေသရွေ့တော့ ဒီကမ္ဘာမြေကြီးကို ဖက်တွယ်ပေးထားရဦးမှာပဲ ..”တဲ့။ ခံယူချက်နဲ့ စေတနာတွေအတွက် ကျေးဇူးအရမ်းတင်ပါတယ်လို့ ပြောချင်ပါတယ် မောင်လေးရေ...
နာဂစ်လိုကောင်တွေ ကြမ်းချင်တိုင်း
ကြမ်းလို့မရအောင် ကမ်းနားသစ်ပင်တွေ
များများစိုက်ဖို့ ထိန်းသီမ်းဖို့
လိုအပ်တယ်ဗျို့။
အနာဂတ်တွက်ကမ်းနားသစ်ပင်လေး ဆက်လက်ရှင်သန်နိုင်ပါစေဂိုးဒင်းစကိုင်းရေ...း)
Post a Comment