ကဲလာကြ ဒီနေ့က ဗိုလ်လုပွဲတဲ့ ....။ ဘောလုံးပွဲ ပွဲစဉ်တစ်လျှောက်ရဲ့ နောက်ဆုံးမှာ အကောင်းဆုံးအသင်းကိုဖလားကြီးပေးမဲ့ပွဲပါပဲ..။ အခုဗိုလ်လုပွဲက နိုင်ငံတကာအသင်းတွေမဟုတ်ဘူး ၊ ကလပ်အသင်းတွေလည်းမဟုတ်ပေဘူး ဒါကြောင့်နိုင်ငံတကာအကျော်အမော် ဘောလုံးသမားတွေလည်း မပါဝင်ဘူး ။ ဒါပေမယ့် ဗိုလ်လုပွဲအဆင့်နဲ့ညီမျှတဲ့ ပရိတ်သတ်တွေ ပြိုင်ဘက်အသင်းတွေထဲမှာ ခြေစွမ်းထက်တဲ့ ကစားသမားတွေတော့များတယ် ။ ပရိတ်သတ်တွေကလည်း ဥသြသောင်းနင်းအားပေးနေကြတယ် ။အားပေးပုံအားပေးနည်းကတော့ တမျိုးစီပေါ့ တချို့သောသူတွေက သူတို့ကြိုက်နှစ်သက်တဲ့ အသင်းဘက်ကနေပြီး လောင်းကြေးတွေနဲ့ အားပေးကြတယ် ၊တချို့သောသူတွေက နှစ်ဖက်သောကစားသူတွေဘယ်လို ကစားတယ်ဆိုတာကို ထိုင်အကဲဖြတ်ကြတယ် ၊တချို့သောသူတွေက ဘာပဲဖြစ်ဖြစ်ဗိုလ်လုပွဲ လူများတယ်ပျော်ဖို့ကောင်းတယ် အော်ချင်တာအော်မယ် ပျော်စရာကြီးဆိုပြီး လာရောက်ခဲ့ကြတဲ့ ပရိတ်သတ်တွေလည်းရှိနေပြန်တယ် ၊အဲဒီထဲကမှ တချို့တချို့သောသူတွေကတော့ ကိုယ်လိုချင်တာကို တစ်ဖက်သတ်ရဖို့ မှောင်ခိုလက်မှတ်တွေရောင်းနေကြတယ် .အဲလိုရောင်းတဲ့သူတွေကပဲ ပွဲဆူအောင်လည်းလုပ်တက်ကြသေးတယ်...။
များပြားလှသောပရိတ်တွေကြားမှာတည်ရှိတာကတော့ဘောလုံးသမားတွေအနိုင်အရူံး ကစားနိုင်သောဘောလုံးကွင်းပြင်ကလည်း ခံ့ညာထည်ဝါစွာတည်ရှိနေပေပြီ..။ ဘောလုံကွင်းကြီးထဲမှာတော့ "အနိုင် အရူံးသည် သာမည ၊ယှဉ်ပြိုင်ခြင်းသာ အဓိက"ဆိုတဲ့ အားကစားဆောင်ပုဒ်နဲ့အညီ ကစားနိုင်စေရန် တစ်ဖက်နှင့်တစ်ဖက် တရားမျှတစွာယှဉ်ပြိုင်နိုင်ရန် စည်းကြပ်ဒိုင်နှစ်ယောက်နဲ့ ကွင်းလယ်ဒိုင်တွေကတော့နေရာယူလို့...... ။ တချို့သောဘောလုံးသမားတွေက ကိုယ်လုပ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို မခံချင်လို့ ဒိုင်တွေကိုအမျိုးမျိုးလှည့်စားကြတယ် .၊ သူတို့လှည့်စားတဲ့ လှည့်စားမှုတွေထဲမှာမှ တချို့သောလှည့်ကွတ်တွေက အတ်တင် ကောင်းလွန်းလို့ အကယ်ဒမီတောင်ပေးလို့ရတယ် ..။ ဒါပေမယ့် ပရိတ်သတ်ကြီးရေ အခုဗိုလ်လုပွဲမှာတော့ ဒိုင်တွေကိုလှည့်စားလို့မရနိုင်သလို ၊ပရိတ်သတ်ကြီးကိုလည်း သူတို့လှည့်စားလို့ရနိုင်မှာ မဟုတ်တော့ဘူး..။ ဘာလို့လဲဆိုတာကတော့ ဗိုလ်လုပွဲကိုပရိတ်သတ်ကြီးကြည့်နေတဲ့ အခါကြရင်တော့ သိကြလိမ့်မယ် ..။ ပရိတ်သတ်ကြီးအနေနဲ့ တစ်ခုသတိထားရမှာကတော့ .....
"ပရိတ်သတ်ကြီးအနေနဲ့ ကိုယ်ကြိုက်တဲ့အသင်းရဲ့ သွင်းလိုက်တဲ့ ဂိုး တွေနဲ့အတူပက်ပက်စက်စက်ပျော်ရွှင်လိုက်စမ်းပါ ..၊ ကိုယ်ကြိုက်တဲ့ အသင်းကိုအားတက်လာအောင်ပက်ပက်စက်စက်အားပေးလိုက်ပါ ..၊ဒါပေမယ့် ကောင်းကောင်းမွန်မွန် ကစားနေတဲ့ အားကစားသမားတွေ အလယ်ကိုတော့ ရေသန့်ဘူးတွေ ၊ ခဲလုံးတွေနဲ့ ပစ်မပေါက်လိုက်ကြပါနဲ့"
(ဤစာတွေကတော့ စိတ်ကူးတစ်ခုနဲ့ရေးလိုက်တာပါ ..။ တကယ်အားပေးချင်တဲ့ ပွဲကတော့ မော်စကိုမြေမှာဗိုလ်လု ကြမယ့် All English_Final ပွဲပါ... သရဲနီကြိုက်တဲ့ ပရိတ်သတ်တွေစာရင်းပေးခဲ့ပါ...း))) )

4 ယောက်ကဒီလိုထင်တယ်:
စာရင်းပေးခဲ့ ပါတယ်ဗျိုး
မော်စကိုမှာ သရဲနီတွေ ဝိုင်းခြောက်ကြစို့ကွ။ သွားကြည့်ချင်တယ်။ အနိမ့်ဆုံးဝင်ခကတောင် ယူရို ၁၈၀၀ တဲ့။း(
ကောင်းတယ် ... သရဲ နီ ကြိုက်ပါတယ် ...
ခြင်္သေ့ပြာကို ပို ကြိုက်နေလို့ အားနာပါတယ် :P
အကောင်းဆုံး အသင်း အနိုင်ရပါစေ :)
Post a Comment