အစကတော့သင်္ကြန်အကြောင်းမရေးတော့ဘူးလို့စိတ်ဆုံးဖြတ်ထားတာ ..။ ဘာဖြစ်လို့လဲလို့မေးရင် သင်္ကြန်ကပိုးတစ်ခုပါပဲ ။သင်္ကြန်နားနီးရင် စိတ်တွေကမရိုးမရွဖြစ်နေလို့။ ငယ်ငယ်တုန်းကတော့ဒီလိုအချိန်သင်္ကြန်နားနီးရင် လျှောက်လည်ဖို့ သူငယ်ချင်းတွေစုပြီး ကားတွေငှား မဏ္ဍပ်လုပ်မယ်ဆိုရင်လည်းအစီအစဉ်တွေဆွဲပေါ့။ မဏ္ဍပ်ဆိုတာကလည်း ရေပတ်ဖို့သက်သက်ပါပဲ အုန်းလတ်တွေဘာတွေနဲ့ပေါ့ ..။ ဘယ်ရက်မှာဘာလုပ်မယ် အစီအစဉ်တွေကိုယ်စီတွေနဲ့..။ အဲဒီသင်္ကြန်ပိုးက သင်္ကြန်မတိုင်ခင် နှစ်စဉ်နှစ်တိုင်းဖြစ်နေတာပါပဲ ။ ဒါပေမယ့် သင်္ကြန်နဲ့ကင်းဝေးခဲ့တာကလည်း နှစ်တော်တော်ကြာနေပါပြီ..။ နောက်ဆုံးသင်္ကြန်ပျော်ဖြစ်တာကတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က တော့ပျော်ဖြစ်တယ် ။ အခုတော့ သင်္ကြန်ကိုလွမ်းနေရတာပဲတက်နိုင်တယ်လေ..။ သူများတွေကဲတာတွေကိုပဲ အားကျရမဲ့ ဘ၀ကိုရောက်နေပြီ..။ ဒီနှစ်ဆိုပိုဆိုးတယ် သင်္ကြန်က ၄ ၇က်တောင်..ကျောင်းကလည်းပိတ်ရက်တောင်းလို့မရဘူး ..။ တော်တော်ကိုဆိုးတယ် ..။ 
မြန်မာတို့ရဲ့နှစ်သစ်ကူးသင်္ကြန် အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး ပတ်ဖြန်းလိုက်တဲ့ ရေတွေနဲ့အတူ အေးချမ်းပြီးမြန်မာ့သက္ကရာဇ် ၁၃၇၀ ကို ပျော်ရွှင်စွာ ၊ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာ ကူးပြောင်းနိုင်ကြပါစေလို့လည်းဆုတောင်းလိုက်ပါတယ် ..။
မြန်မာတို့ရဲ့နှစ်သစ်ကူးသင်္ကြန် အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး ပတ်ဖြန်းလိုက်တဲ့ ရေတွေနဲ့အတူ အေးချမ်းပြီးမြန်မာ့သက္ကရာဇ် ၁၃၇၀ ကို ပျော်ရွှင်စွာ ၊ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာ ကူးပြောင်းနိုင်ကြပါစေလို့လည်းဆုတောင်းလိုက်ပါတယ် ..။
5 ယောက်ကဒီလိုထင်တယ်:
ဩော်...သင်္ကြန်ပိုးကြီးကို....ဒါဆိုသင်္ကြန်ကိုလွမ်းလိုက်အုံးပေါ့..နှစ်သစ်ကိုပျော်ရွှင်စွာကူးပြောင်းနိုင်ပါစေ.. :D
ဒီနှစ်သင်္က်ြန်ကို ငါတို့လဲ အိမ်မပြန်ရပါဘူးကွာ...အစကတော့
ငါလဲ ဂိုးဒင်းစကိုင်းလို သင်္ကြန်ကြောင်းမရေးတော့ဘူးလို့ဆုံးဖြတ်ထားတာပဲကွ...း)
သို့ကလို သို့ကလိုး).........ဟုတ်လားကျောင်းကလဲအပိတ်ဖူးပေါ့လေဆိုးပကွာ နော် ...း) သင်္ကြန်ပိုးလေး ဂိုးဒင်းစကိုင်းလဲ မြန်မာသက္ကရာဇ် ၁၃၇၀ ကို ပျော်ရွှင်စွာ ၊ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာ ကူးပြောင်းနိုင်ကြပါစေလို့လည်းပြန်လည်ဆုတောင်း
လိုက်ပါတယ်နော်...း)
:D တူတူပဲ :)
ကျွန်တော်လည်း ပိတောက်မရှိ သပြေမရှိ နေရာမှာ ... :P
မြန်မာလူမျိုးမှန်ရင် သင်္ကြန်ပိုးတော့ ရှိကြမယ်ထင်ပါတယ်။ မောင်လေးရေ ကိုယ်ချင်းစာပါတယ်။ ပျော်ရွှင်စရာသင်္ကြန်တွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ။
Post a Comment