လွမ်းခဲ့ဖူးတဲ့ ကောင်းကင်

အပိုင်း (၁)

၂၀၀၂ ခုနှစ် မေလ..
“ သားကဘာလုပ်လဲ ကျောင်းတက်နေတုန်းပဲလား " ကျွန်တော့်ချစ်သူမေသက်နှင်း မေမေရဲ့မေးသံ ။ အခန်းကြီးတစ်ခန်းလုံးကလည်း တိတ်ဆိတ်နေတယ် ။ မေသက် ကဒီနေ့မှသူ့အမေနဲ့လိုက်တွေ့ဆိုလို့ လိုက်လာရတာ ရုတ်တရက်ကြီးဆိုတော့ ဘာမှမပြင်ဆင်လာခဲ့ရဘူး ။
“ဟုတ်ကဲ့ကျွန်တော်ဒဂုံတက္ကသိုလ်မှာ ရူပဗေဒအထူးပြုနဲ့ အဝေးသင်တတိယနှစ်တက်နေပါတယ် ၊ တဘက်ကလည်း လသာလမ်းကစာပုံနှိပ်စက်တစ်ခုမှာ စာရေးဝင်လုပ်နေပါတယ် ။"
“သားအလုပ်လုပ်တာ တစ်လကိုပိုက်ဆံဘယ်လောက်ရလဲ "
“တစ်လကို တစ်သောင်းခွဲပါခင်ဗျ အပိုချိန်ပါ ပါပြီးပေါ့ "
"တစ်သောင်းခွဲဆိုတာ အန်တီ့သမီးကိုပေးတဲ့တစ်နေ့စာမုန့်ဖိုးပဲရှိတယ် ။"
“ဟုတ်ကဲ့ ကျွန်တော်သိပါတယ် .."
“အန်တီကတော့မင်းတို့လူငယ်သဘာဝချစ်ကြတာကိုနားလည်ပေးလို့ရပါတယ် ဒါပေမယ့်နောက်လက်ထပ်ဖို့ဘာဖို့ တို့ဆိုအန်တီတို့သမီးရှင်အနေနဲ့အများကြီးထည့်စဉ်းစားရလိမ့်မယ် ။သားကိုတစ်ခုတော့ပြောလိုက်မယ် သားတို့အခြေအနေနဲ့ အန်တီတို့အခြေအနေကအရမ်းကွာလွန်းနေတယ်။"
“ဗျာ ..... "


ကျွန်တော့်မှာအဲဒီဗျာဆိုတဲ့စကားတစ်လုံးကိုပဲကောင်းကောင်းပြောနိုင်တော့ပါတယ်။ ကျွန်တော်ထင်ထားတာကအခုခေတ်မှာ အဲဒီလိုအဆင့်အတန်းခွဲခြားတာတွေမရှိနိုင်တော့ဘူးလို့ပဲထင်ခဲ့တာ ။ကျွန်တော့်ချစ်သူမေနှင်းကလည်းမိဘတွေကိုဘယ်တော့မှစိတ်ဆင်းရဲအောင်မလုပ်ဘူးတဲ့ ။အဲဒီတော့......။နောက်ပိုင်းမှာ မေသက်ကစင်္ကာပူမှာကျောင်းသွားတက်မယ်လို့ပြောတယ်...။အဲဒီနောက်ကျွန်တော်တို့နှစ်ယောက်ကွဲကွာသွားခဲ့တယ် ။အချိန်တွေကပျံသန်းသွားတယ် လကနေနှစ် .၊နှစ်တွေကတဖြည်းဖြည်းနဲ့ပဲကုန်ဆုံးသွားတယ် ။ ကျွန်တော်လည်းကျောင်းပြီင်္းတော့ အလုပ်ကိုပဲကြိုးစားလုပ်ကိုင်ဖြစ်တယ် ။ အခုဆိုကျွန်တော့်အသက်က ၂၈ နှစ် လူပျိုကြီးဆိုတဲ့ဘောင်ကိုဝင်လာခဲ့ပြီ...။ဓာတ်လိုက်ခံခဲ့ရဖူးတဲ့နှလုံးသားက အချစ်ကိုထပ်ပြီးမမွေးထုတ်နိုင်တော့ဘူးနဲ့တူတယ် ဘယ်သူ့ကိုမှချစ်လို့မရခဲ့ဘူး ။ ကျွန်တော့်အဖြစ်က အသည်းကွဲတယ်လို့ပြောရလည်းခက်၊ချစ်သူနဲ့ပြတ်သွားပြီလားဆိုတော့လည်းမဟုတ်ဘူး။ ပြောရတော့တော်တော်ခက်တယ်။ဒါပေမယ့်မေသက်နဲ့ကသူနိုင်ငံခြားထွက်သွားပြီးကတည်းက ကျွန်တော်နဲ့အဆက်သွယ်ပြတ်သွားခဲ့တာ ။ အခုဆို ၆ နှစ်ရှိခဲ့ပြီပေါ့ ။ အချိန်တွေကြာလာတာနဲ့ အသက်တွေကြီးလာတယ် ၊ ရင့်ကျက်မှုတွေတိုးလာတယ် ၊ ဘ၀အကြောင်းကိုသိသင့်သလောက်တော့သိခဲ့ပြီ ။

လက်ရှိတော့အလှကုန် ကုမ္မဏီတစ်ခုမှာအရောင်းမြှင့်တင်ရေးလုပ်နေပါတယ် ။ အများအားဖြင့်တော့မိန်ကလေး အလှကုန်အသုံအဆောင်ပစ္စည်းတွေကိုရောင်တဲ့အလုပ်ပါ။ ဒီအလုပ်ကလည်းသိပ်တော့အဆင်မပြေလှပါဘူး ။ ဒါပေမယ့်ကြံရည်ဖန်ရည်လေးရှိရင်တော့အမြတ်အစွန်းများများရနိုင်တယ်လေ ။ ကြံရည်ဖန်ရည်ဆိုလို့တစ်မျိုးမထင်နဲ့ဦး ။ ကျွန်တော့်အလုပ်က နယ်တွေဘာတွေလည်း သွားရောင်းရတယ် အဲဒီမှာ ကျွန်တော်တို့ ကုမ္မဏီကမဟုတ်ဘဲ တခြားပစ္စည်းတွေကို ပါထည့်ရောင်းတာပေါ့ ။ဒါကတော့ကိုယ်ပိုင်ပိုက်ဆံလေးနဲ့ရင်းပြီး လုပ်ရတာပေါ့ ။ မြန်မာပြည်အထက်ပိုင်းဆိုရင် ယိုးဒယားပစ္စည်း၊.မြန်မာပြည်အောက်ပိုင်းဆိုရင် တရုတ်ပစ္စည်း ... တွေပါထည့်ရောင်းတယ် ။ခိုးကြောင်ခိုးဝှက်ရောင်းရတာဖြစ်ပါတယ်၊ ကုမ္မဏီက သိရင်အထုအထောင်းခံရသေးတယ် ။


“ဟယ်အဆင်လေး နင်မလာတာကြာပြီနော် ငါကနင်တို့ ဆီကမလာတော့ဘူးလို့ထင်နေတာ ၊ ငါတို့လည်းပစ္စည်းလိုနေတာ နင်ရောက်လာနဲ့အတော်ပဲ "
“ဟုတ်ကဲ့ကျွန်တော်တို့လည်းဒီဘက်ကိုမရောက်ဖြစ်တာ ကြာသွားလို့ပါ ၊ ပစ္စည်းတွေကတော့အသစ်တွေကြီးပဲ ဘာတွေယူမယ် ဆိုတာပြောပါဦး ... ဒီမှာကတ်တလောက်ပါ ... ဒါကတော့ပန်းဖလက် ..၊ အဲဒါတွေ အကုန်ရပါတယ် မမတို့အကြိုက်တွေဖြစ်မှာပါ ။ "
မမ လို့သာသုံးလိုက်ရတာ အခုဝယ်နေတဲ့သူက နည်းနည်းခြောက်တယ် .. ဒီလိုပါပဲ ၀ယ်သူကိုအဆင်ပြေအောင်ပြောပြီး ကိုယ့်ပစ္စည်းရောင်းထွက်ဖို့က အရေးကြီးတယ်မဟုတ်လား ။မိန်းကလေးတွေတော်တော်များများက အသက်ကြီးပြီင်္လို့ဘာတို့ဆို သိပ်မကြိုက်ဘုးလေ.. ဆိုင်တစ်ဆိုင်ကို စ၀င်တာနဲ့ အမကြီးလှလို့ဝလို့ပါလား ဘာညာပေါ့ အဲဒီလိုလေးနူတ်ဆက်ပေးမှလည်း အရောင်းသွက်တယ် razz
“ချာလီဆေးဗား ဗူးကြီးက တစ်ဒါဇင် ၊ ဘော်ဒီစပရေးက တစ်ဖာ ၊ မတ်စ်ဖတ်တာ ကတစ်ဒါဇင် ၊........ ......... ...... ....... အဲဒါတွေကို ပေး .."
တစ်နေ့နဲ့ တစ်နေ့ကပစ္စည်းတွေကို ဟိုပို့ဒီပို့နဲ့ ပိုက်ဆံတွေနဲ့ပဲကုန်ဆုံးနေတယ် ။ အိမ်ကိုဆို ညမိုးချုပ်မှပြန်ရောက်တယ် .။

“သား... ပြန်လာပြီလား .. "
မေမေ့မျက်နှာမှာလည်းမျက်ရည်တွေနဲ့ ကျွန်တော်လည်းစိုးရိမ်ထိပ်လန့်သွားပါတယ် ..။
“မေမေ ဘာဖြစ်လို့လဲ ဘာတွေဖြစ်ကုန်လို့လဲ ပြောပါဦး"
“သား ... ညီလေးအခု အချုပ်ခန်ထဲရောက်နေတယ် .. လုပ်ပါဦးသားရယ် သားညီကိုကယ်ပါဦး "
“ဘာဖြစ်လို့ညီလေးက အချုပ်ထဲရောက်ရတာလဲ ပြောပါဦး .."
“ရန်ဖြစ်တာတဲ့သားရယ် အမေလည်းစောနကမှသိတာ သားညီရိုက်လိုက်တဲ့ကောင်လေးက ခေါင်းကွဲသွားတယ် ငါးချက်ချုပ်ရတယ်တဲ့ ။"

အင်းကျွန်တော့်မှာလည်း ချစ်ခင်တွယ်တာရဆုံးကတော့ မေမေ နဲ့ညီလေးပါပဲ ။ ညီလေးကအခုဆို ၁၀ တန်းအောင်ပြီးပြီ ။ သူ့ကိုတော့ဘာမှမလုပ်ခိုင်းပဲ မေမေနဲ့ပဲအတူနေခိုင်းထားတယ် . ။ လူငယ်ဆိုတော့လည်း ဆိုးတာလည်းရှိပါတယ် ။ အခုလိုပေါ့ ။ မေမေကလည်း အသက်ကြီးတော့ အရင်တုန်းကဈေးရောင်းတဲ့အလုပ်ကို မလုပ်ခိုင်းတော့ဘူး ။ မေမေက ကျွန်တော်ငယ်စဉ်ကတော့ ကုန်စိမ်းရောင်းပြီကျောင်းထားခဲ့တာ ။ အခု တော့ညီလေးကို အချုပ်ခန်းထဲကထွက်ရအောင် လုပ်ပေးရဦးမည်။ အချုပ်ထဲကထွက်ရဖို့ကလည်း သိတဲ့အတိုင်းပဲရေလေးကတော့လောင်းရပေဦးမည် ။ ကျွန်တော့်အိပ်ကပ်ထဲကြည့်လိုက်တော့ ငွေစတချို့ခုန်ဆင်းဖို့ပြင်ဆင်နေကြပေပြီ။

(ဤစာများသည် စိတ်ကူးသက်သက်မျှသာဖြစ်ပါတယ် ၊ မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ပြီးရေးသားခြင်းမဟုတ်ပါ ။)

2 ယောက်ကဒီလိုထင်တယ်:

စိုးထက် - Soe Htet ! said...

ဆက်ရေးဗျို့ နောက်ထပ် :P လာလာ အားပေးနေမယ် :)

BLACK DREAM said...

တစ်ကယ်လား စိတ်ကူးယဉ်လားတော့မသိဘူး..အစ်ကိုရယ် ပေးစရာ နာမည်ရှားလို့ "မေသက်နှင်း" ဆိုပြီးတော့မှ ပေးရလား.. တစ်လုံးမှကိုမလွဲဘူး..ပြောနေရင်း ငိုချင်လာပြီ...။ :(