"သူမ " ဆိုတာက ယောင်္ကျားလေးမဟုတ်ဘူးဗျ .
. အရမ်းလှတဲ့မိန်းကလေးတစ်ယောက် ။သူမ မှာနာမည်ရှိတယ် သူမနာမည်ကိုတော့ကျွန်တော်ဘယ်တော့မှမခေါ်ဖြစ်ဘူး ။သူမကို သူမလို့ပဲခေါ်ဖြစ်တယ် ။
သူမ ဘာကြိုက်တက်လဲဆိုတော့ အကောင်းမှန်သမျှအကုန်ကြိုက်တယ် .။ သူမအကြိုက်ဆုံး အရောင်ကပန်းနုရောင် .. ပြီတော့ကျန်သေးတယ် သူမကနှင်းဆီပန်းလေးတွေကိုလည်း အရမ်းကြိုက်တက်တယ် ။နှင်းဆီပန်းနဲ့ပတ်သတ်ပြီး သူမ ပြောတဲ့စကားက... နှင်းဆီပန်းကိုဆူးပါလို့ကြိုက်တာတဲ့ ....။ သူမ ကအချစ်တစ်ခုကို စိတ်ကူးယဉ်တဲ့နေရာမှာ ဂုဏ်တွေ ၊ဒြပ်တွေကို ရှေ့တန်းတင်တက်တဲ့ မိန်းကလေးတစ်ယောက် ...။ ပြီးတော့ သူမ ရဲ့ဘ၀က အရာရာပြည့်စုံတယ်လို့ပြောလို့ ရတဲ့ ဘ၀တစ်ခုကိုလည်းပိုင်ဆိုင်ထားတယ် ..။
သူမကို ကျွန်တော်စတွေ့တဲ့နေ့က သူမ ကပန်းရောင်အင်္ကျီလေးကို ဆင်မြန်းထားတယ် ။ ကျွန်တော်သူမကိုကို လမ်းပေါ်မှာခဏတွေ့ လိုက်ပေမယ့် ကျွန်တော့်မျက်လုံးထဲ မှာရောကျွန်တော့် နှလုံးသားမှာရော
သူမ ကိုနေရာပေးလိုက်မိတယ် ။ နောက်... အဲဒီနေ့ က မိုးရွာတယ်... ကျွန်တော် သူမ ရှိရာကို စုံစမ်းပြီး... သူမ ကျောင်းတက်တဲ့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကို လိုက်သွားတယ် ။ သူမ အဲဒီနေ့ကမိုးရွာ
ပေမယ့်ကျောင်းရောက်လာခဲ့တယ် ။ ကျွန်တော် သူမ ကိုမြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ကျွန်တော် သူမ ရဲ့အလှမှာမျှောလွင့်ပြီးတော့ အသက်မေ့သွားသလိုခံစားခဲ့ရတယ် ။ ပြီးတော့ သူမ နားတိုးသွားတယ်...
နင့်ကို ငါချစ်တယ်လို့ ပြောပြီးလှည့်ထွက်လာခဲ့မိတယ် ..ကျွန်တော့်အဖြစ်ကလည်းတော်တော် အူကြောင်ကြောင်နိုင်ပါတယ် ။ ဒါပေမယ့် သူမ ကချက်ချင်းပါပဲ ကျွန်တော့်ကိုလှမ်းခေါ်တယ် .။ သူမ ပါးစပ်က
ကျွန်တော့်ကို ပြောလိုက်တဲ့ စကားက "နင့်လိုကောင်ကိုငါမစဉ်းစားဘူး" တဲ့ ... ။ ချက်ချင်းပဲ ...
နှလုံးသားတစ်ခုလုံးက ရစရာမရှိအောင် စုတ်စုတ်ပြတ်ပြတ် နဲ့တစ်ပိုင်းတစစီ
ကွဲကြေသွားပြီလို့ခံစားလိုက်ရတယ် ... "
အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးလာတယ်..။ ကျွန်တော် သူမ ကိုမေ့လို့မရဘူး ... သူမ ကိုအရမ်းချစ်သွားခဲ့ပြီဆိုတာ သေချာနေပေပြီ ။ အချိန်တွေကြာလာပေမယ့် ကျွန်တော်အပတ်စဉ် စနေနေ့တိုင်းလုပ်ဖြစ်တာတစ်ခုရှိတယ် ..။ အဲဒါက သူမ ရှိတဲ့နေရာကို ကျွန်တော် ကိုယ်တိုင်ပဲံဖြစ်ဖြစ် သူငယ်ချင်း တစ်ယောက်ရဲ့အကူအညီနဲ့ပဲ ဖြစ်ဖြစ် သူမ ကြိုက်တဲ့ နှင်းဆီပန်းတွေကိုပို့ဖြစ်ခဲ့တယ် ..။ အစပိုင်းတော့သူမ မယူပဲငြင်းဆန်ခဲ့တယ် ။ ကျွန်တော် မရ မကနှင်းဆီပန်းတွေကို ထားပြီပြန်လာတော့မှ သူမက နှင်းဆီပန်းကို သူ့အိပ်ထဲထည့်ပြီး ပြန်သွားတယ် ..။ နောက်ပိုင်းမှာတော့သူမ ကျွန်တော်ပေးတဲ့ နှင်းဆီပန်းမှန် သမျှကို မငြင်းဆန်တော့ဘူး ..။
သူမနဲ့ ကျွန်တော်နဲ့ ဆုံတွေ့ ခဲ့တဲ့ ရက်တွေများတယ် ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူမကျောင်းနဲ့နီးတဲ့ ၊ သူမကျူရှင်နဲ့ နီးတဲ့တဲ့နေရာမှာ အလုပ်လုပ်ပါတယ်၊ကျွန်တော်ဘာလုပ်လဲလို့မေးရင် ကျွန်တော်လှည်းတန်းကကွန်ပျုတာ သင်တန်းတစ်ခုမှာ သင်တန်းသားတွေကို စာသင်တဲ့အလုပ်လုပ်ပါတယ် ။ ကျွန်တော်မှာ ဆိုးတဲ့အရာ တစ်ခုရှိတယ် .. အဲဒါကဘာလဲဆိုတော့ တစ်ခုခုကိုလေးလေးနက်နက်ခံစားရရင် ရင်ဘတ်တစ်ခြမ်းကအောင့်တက်တယ် ... သူမနဲ့ ကျွန်တော်တွေ့လိုက်တိုင်း ကျွန်တော် အရမ်းပျော်တယ် သူမကျွန်တော့်ကို ဘယ်လိုပဲဆက်ဆံ ဆက်ဆံကျွန်တော်ကျေနပ်တယ် ... သူမဟာ ကျွန်တော့်ဘ၀ ၊သူမသာ ကျွန်တော့်ရဲ့စေတမန်လေးတစ်ပါးပါပဲ ။ ကျွန်တော် ပန်းတွေပို့ပြီး ၃ လလောက်ကြာတဲ့အခါမှာ သူမနဲ့ စကားပြောခွင့်ရခဲ့တယ် နောက်ပိုင်းတွေမှာ သူမ နဲ့ ကျွန်တော်ခင်မင်တဲ့ သူတွေဖြစ်ခဲ့တယ်... ။ သူမနဲ့ ကျွန်တော်ခင်ပြီးတဲ့တစ်နေ့မှာ ကျွန်တော်သူမကို ချစ်တယ် လို့ထပ်ပြောခဲ့တယ် .. ။ သူမ မငြင်းဆန်ခဲ့ ဘုး..။ သူမရဲ့ စဉ်းစားမယ်လို့ပြောလိုက်တဲ့ စကားနဲ့တင်... ကျွန်တော် ....ကျွန်တော်.. ပြောမပြနိုင်လောက်အောင်ပဲ ၀မ်းသာတယ်.။အဲဒီနေ့က .......
ကျွန်တော်လည်း သူမပစ်ပစ်ခါခါမငြင်းပဲ စဉ်းစားမယ်ပြောလို့
ကျွန်တော့် နှလုံးသားတွေက အရမ်းကို မြုးထူးပျော်ပါးနေတယ် ..။
ဆက်လို့မရဘူး . ။ ကျွန်တော်သူမနဲ့ပတ်သတ်ပြီး သိပ်မခံစားဖို့တွေပေါ့..ဒါပေမယ့် ကျွန်တော်နောက်ဆုံး တစ်ချက်ကိုတော့ မလိုက်နာနိုင်ခဲ့ဘူး သူမနဲ့ပတ်သတ်လာရင်ဘယ်လိုမှ မခံစားပါနဲ့လို့ ထိန်းချုပ်လို့ မရခဲ့ ဘ
ဘူး ..။ သူမနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ အချိန်တွေက ကျွန်တော့်အတွက် သူမအပေါ်ချစ်တာတွေက အနည်းဆုံး အချိန်တွေပဲ ဆိုတာကိုသဘောပေါက်မိတယ်... ။ သူမနဲ့ ခင်မင်ခဲ့ပြီး ၆ လလောက်ကြာတဲ့အခါမှာ သူမကျွန်တော့်ကို အဖြေပေးမယ်လို့ကတိပေးခဲ့တယ် ။ ဒါတွေကလည်း ကျွန်တော်သူမ ကိုတော်တော်ပြောခဲ့ရတာတွေပါ..။ အဲဒီနောက် ... သူမဆီကအဖြေကို ကျွန်တော်ရရှိခဲ့တယ်...။
အဲဒီနေ့က နိုဝင်ဘာလ ၁၇ ရက်... ကျွန်တော်မွေးဖွားချိန်ကတည်း ကအပျော်ဆုံးနေ့က ဘာနေ့လဲလို့မေးရင် သူမကျွန်တော့်ကို အဖြေပေးမယ့်နေ့လို့ပြောမိမှာပါပဲ ....
သူမ နဲ့ကျွန်တော်ကြိုက်တဲ့ အချိန်တွေက ကျွန်တော်အရမ်းကို ပျော်ရွှင်ခဲ့တယ် .. သူမရဲ့ ခပ်သဲ့သဲ့ ရယ်သံတွေက ကျွန်တော့်ရင်ကိုအေးမြစေတယ်... သူမရဲ့ ဆံနွယ်တွေ လူပ်ခက်သွားတိုင်း ကျွန်တော့်နှလုံးသားတစ်စုံက တစ်စက္ကန့်ကိုအကြိမ်ပေါင်းထောင်ချီ လူပ်ခက်စေတယ်.... သူမရဲ့ အကြည့်တစ်ချက်က ကျွန်တော်လဲပြိုကျပြီးသေလောက်တယ် ...ဒါပေမယ့် ကျွန်တော်မသေနိုင်ဘူး ကျွန်တော်သေသွားရင် သူမရဲ့အပြုံးတွေ..၊သူမရဲ့ အကြည့်တွေကိုမမြင်ရမှာ စိုးလို့ ...။ သူမနဲ့ ကျွန်တော် တွေ့ဆုံတဲ့ရက်က စနေတစ်ရက်ပဲတွေ့ဖြစ်တယ်.. သူမနဲ့ကျွန်တော် အမြဲတွေ့ဖြစ်တဲ့နေရာက အင်းလျားကန်ဘောင်မှာ ... အမြဲသွားဖြစ်တဲ့နေရာက Game Cityသူမက ဂိမ်းကစားတာလည်း အရမ်းဝါသနာပါတယ်... ။သူမဘာလုပ်လုပ် ကျွန်တော့်အတွက်တော့ သူမလုပ်သမျှတွေက ကျွန်တော်သူမကို ပိုချစ်မိစေတယ်..။မှတ်မှတ်ရရ ပေါ့ အဲဒီနေ့ သူမနဲ့ကျွန်တော်အင်းလျားကန်ဘောင်
ကခုံတန်းမှာ ထိုင်ပြီးစကားပြောဖြစ်တယ် ... သူမ စကားပြောရင် လက်ညိုးထိုးပြပြီးပြောတဲ့နေရာကို သေချာကြည့်မိတယ်... သူမပြောတဲ့စကားက....." အဲဒီအဆောက်အအုံတည်ဆောက်ဖို့ ညမ်းတွေဆင်နေတာတွေ့လားအဲဒီညမ်းတွေက အဲဒီအဆောက်အဦးဖြစ်မြောက်အောင် ပြီးမြောက်အောင်ပဲ ..၊ အဆောက်အအုံကြီးပြီးသွားရင် အဲဒီညမ်းတွေကို မဖြုတ်လို့မရဘူးတဲ့ ..." သူမပြောတဲ့စကားက ကလေးတောင်နားလည်တယ်ဆိုတာကို
ကျွန်တော်သိပါတယ် .. ဒါပေမယ့် သူမဘာကိုဆိုလိုတာလဲလို့ကျွန်တော်မေးတော့ သူမ နူတ်ပိတ်နေခဲ့တယ်... အဲဒီအချိန်ကတည်းက သူမ ကအချစ်တစ်ခုကို ညမ်းပုံစံမျိုးသဘောထားခဲ့တာကို ကျွန်တော်သိခဲ့ရင်.....
သူမနဲ့ကျွန်တော် ကြိုက်ပြီးတစ်နှစ်လောက်ကြာတဲ့ အချိန်မှာ သူမကျောင်းပြီးသွားတယ် .. သူမ ကျောင်းပြီကတည်းက သူမနဲ့ကျွန်တော် အဆက်အသွယ်လုံးဝမရ တော့ဘူး ကျွန်တော်ဘယ်လို ကြိုးစားပြီး ဆက်သွယ် ဆက်သွယ် ဆက်သွယ်လို့မရတော့ဘူး .. သူမ ရဲ့ ရင်ခွင်ကို လေစိမ်းတွေအရမ်းတိုက်လို့ကျွန်တော့်အပေါ်စိမ်းကားသွားခဲ့တာလား.... သူမ ရဲ့ အချစ်တွေက နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ပြီး အချစ်တွေအရောင်ပြောင်း
သွားတာလားလို့ စိုးရိမ်လာခဲ့တယ် ..။ သူမ နဲ့ ကျွန်တော်မတွေ့ ခဲ့တဲ့ ရက်တွေမှာ ကျွန်တော့်ဘ၀ ကဘာမှအဓိပယ် မရှိသလို မျှော်လင့်ချက်မရှိသလို အထီးကျန်တဲ့ရက်တွေပါပဲ ... သူမ နဲ့ အဆက်အသွယ်ပြတ်ပြီး၂ လ လောက်ကြာတော့ သူမဆီက စာတစ်စောင်ရောက်လာတယ်.. ကျွန်တော် ပြောမပြတက်အောင်ပဲ ၀မ်းသာမိတယ် ..။
အဲဒီနေ့ က မနက်အစောကြီး ထပြီးသူမချိန်းထားတဲ့ နာရီထက် ၂နာရီလောက်စောပြီအင်းလျားကန်ဘောင်ပေါါ်ရောက်ရှိနေတယ်... သူမ နဲ့ တွေ့ရမှာမို့ စိတ်တွေအရမ်းလှုပ်ရှားနေတယ် ... သူမ ချိန်းထားတဲ့ နာရီမှာပဲ
သူမရောက်ရှိလာတယ်... သူမ က ကျွန်တော့် အရှေ့မှာ ရပ်ပြီး " နင်ငါ့ကိုမေ့လိုက်တော့ ငါအစကတည်းက နင့်ကိုချစ်ခဲ့တာမဟုတ်ဘူး ငါ့ဘ၀မှာအချစ်ဆိုတာက အရင်တုန်းကဒီနေရာမှာငါပြောခဲ့သလို ညမ်းပဲ ...
ငါ့တွက်မရှိမဖြစ်မလိုအပ်ဘူး ငါအရှင်းဆုံးပဲပြောမယ် ငါဒီနေ့ ညနေ ထိုင်းလေကြောင်းနဲ့ ဂျပန်ကိုသွားတော့မယ် ... နင့်ကို လာနူတ်ဆက်ရင်း ငါနင့် အပေါ်ထားတဲ့ စိတ်ကိုသိအောင်လာပြောပြတာ ငါသွားတော့မယ် " သူမ မျက်ရည်စတစ်ချို့ကို မြင်လိုက်မိတယ်......
သူမ ကျွန်တော့်ရှေ့က ထွက်သွားပေမယ့် ကျွန်တော်ဘာပြောရမှန်းမသိအောင်လည်ချောင်းတွေက တစ်ဆို့နေတယ် ... ကျောက်ရုပ်တစ်ရုပ်လိုပဲ ဘာမလှုပ်နိုင်တော့ဘူး ... ကျွန်တော်သတိပြန်ဝင်ပြီး ကြည့်လိုက်တော့သူမ ကားပေါ်တက်နေပြီ ... ကျွန်တော် အရူးတစ်ယောက်လိုပဲ သူမအနောက်ကို လိုက်သွားတယ် သူမ ကားကအရှိန်ပြင်းပြင်းနဲ့ခရီးနှင်သွားတယ် .. ကျွန်တော်သူမရဲ့ ကားနောက်ကိုလိုက်တယ် ဘယ်လိုမှမမှီနိုင်တော့ဘူးကျွန်တော်ပလတ်ဖောင်းပေါ်မှာ ထိုင်ချလိုက်တယ် ... သူမ ပြောသလို အချစ်တစ်ခုက လွယ်လွယ်လေးနဲ့ မေ့လို့ရနိုင်မယ်ဆိုရင်.... ကျွန်တော့် ရင်တွေမွန်းကျပ်လာတယ် ပြီးတော့ရင် ဘတ်ကအောင့်တက်လာတယ်...ကျွန်တော် ဘယ်လိုမခံစားနိုင်တော့ဘူး.... ကျွန်တော်.......................
လင်းနစ်... နေညိုရင်
သူမ
"မိုးတွေသဲလာတယ် ...ကျွန်တော့်ရင်ထဲမှာ မိုးကြိုးတွေအဆက်မပျက် ပစ်နေတယ်
ကြယ်တွေက လမင်းမရှိလို့ မူးထူးပျော်ပါးကြတယ် ...
သူမနဲ့ကျွန်တော်ခင်မင်ခဲ့တဲ့ ရက်ကစပြီးသူမက စည်ကမ်းသဘောမျိုးပေါ့ ... မလုပ်ပါနဲ့ မကိုင်ပါနဲ့ပေါ့... အဲဒါတွေက သူမနဲ့သူမမွေးနေ့ စနေနဲ့တစ်ရက်သာသူမနဲ့ တွေ့ခွင့်ရှိတယ်.. ပြီးတော့သူမဆီကို လုံးဝဖုန်း....ဒီမျှသာ....
အညွှန်း... ခံစားမှုစာစု
Subscribe to:
Post Comments (Atom)
2 ယောက်ကဒီလိုထင်တယ်:
ငြမ်းဆိုတာ အဆောက်ဦး တည်ဆောက်ဖို့...။ အဲဒီတော့ သူမက အချစ်ဆိုတာ ငြမ်းလိုပဲ ဆိုတော့ အချစ်ကို သုံးပြီး ဘာတွေ တည်ဆောက်သွားသလဲ...သိချင်လိုက်တာ...။
ခံစားမှု့  စာစု လေးကြိုက်တယ် ၊ ရင်ဘတ်အောင့်တာ လေးကို သဘောကျတယ်
အဆင်ပြေပါစေ သူငယ်ချင်း
Post a Comment