ပျော်ရွှင်သောနှစ်သစ်တစ်ခု့ဖြစ်ကြပါစေဗျာ

•♥…..ရင်ထဲမှာ......•♥


•♥ရင်ထဲမှာ မြစ်တစ်စင်းစီးဆင်းနေတယ် ..

ဘယ်ကမြစ်ဖျားခံလို့ ဘယ်လိုစီးဆင်းနေမှန်း...

ငါမသိခဲ့ ဘူး. .¸¸.

•♥ရင်ထဲမှာ သီကုံးထားတဲ့ကဗျာတချို့ရှိတယ်...

ကဗျာတစ်ပုဒ်ရဲ့ ပြဋ္ဌာန်းချက်တွေ...

ကဗျာ တစ်ပုဒ်ရဲ့ ဆွဲငင်မှုတွေကို

ငါမသိခဲ့ ဘူး .¸¸.

•♥ရင်ထဲမှာ ကောင်းကင်တစ်ခုရှိတယ် ..

ငါ့ရဲ့ကောင်းကင်က....

ကြယ်စင်တွေရဲ့ အလှဆင်ပေးဖို့လိုသေးတယ် .¸¸.

•♥ရင်ထဲမှာ အချစ်ဆိုတဲ့ပန်းတစ်ပွင့်ကို...

ခဏလေးပဲ ဖြစ်ဖြစ်နမ်းရိုက်နေမိချင်တယ်...

တကယ်တော့ အချစ်ဆိုတဲ့ ပန်းတစ်ပွင့် .. က..

ငါနဲ့ ဝေးရာကိုစွန့်ပြီး ၊ခရီးနှင်သွားတာ ...

ကြာခဲ့ပြီလေ .¸¸.

•♥ငါ့ရင်ထဲမှာ တကယ်ရှိခဲ့တာက...

မြစ်တစ်စင်းစီးဆင်းသွား တဲ့ ... လှိုင်းခက်သံတချို့ ..

ကဗျာတွေရဲ့ ... နူးညံ့မှုတချို့ .... ....

တချို့ ... ... တချို့ ပေါင်းမြောက်များစွာ... နဲ့ ......

. .¸¸...ရင်ထဲမှာ . .¸¸.

ဒီဇင်ဘာ....သို့..


မင်းတစ်လှည့်ပြန်ရောက်လာခဲ့ ပြန်ပြီပေါ့ ... ။မင်းရဲ့ပိုင်ဆိုင်တဲ့ နှင်းတွေနဲ့အတူ
ကမ္ဘာကြီးတစ်ခုလုံးကို အလှဆင်ပြန်ပြီပေါ့ ။ငါလည်းမင်းရဲ့အလှအပတွေကို မက်မော
မိပါရဲ့ မင်းရဲ့ဖြူစင်မှုတွေကိုလေးစားမိပါရဲ့ ။ လူသားအားလုံးကလည်း မင်းကိုထင်းရူး
မီးဆိုင်းတွေနဲ့အတူ မင်းရဲ့ပို့ဆောင်ပေးလိုက်မဲ့ နှစ်သစ်တစ်ခုကိုပျော်ရွှင်စွာစောင့်မျှော်
်နေကြပါတယ် ။ဒါပေမယ့် ဒီဇင်ဘာ ငါ့ရဲ့နှလုံးသားတစ်ခုကိုတော့ ထပ်မဖျက်ဆီးပါနဲ့တော့် ၊ ငါ့နှလုံးသားမှာတော့မင်းက နတ်ဆိုးတစ်ပါးလိုပါပဲ ။အခုထိမေ့လို့မရဘူး ဒီဇင်ဘာ နှင်းရဲ့နောက်ဆုံးရိုက်ချက်တွေကို ။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာ မင်းကိုငါအမြဲကျေးဇူးတင်နေမှာပါ
ငါ့ရဲ့ ဘ၀ကိုတစ်ဆစ်ချိုးပြောင်းလဲစေခဲ့သော မင်း...ငါ့နှလုံးသားတစ်ခုလုံး ကိုရက်ရက်စက်စက် နဲ့ အေးခဲမာကြောမှုတွေနဲ့ ကွဲကြေစေခဲ့သောမင်း ... လောကကြီးကပေးလာမဲ့ ဆိုးကျိုး ၊
ကောင်းကျိုးတွေကို သင်ကြားပေးခဲ့သောမင်းကို ...။ ဒ်ီနှစ်မှာတော့ငါ့မှာကွဲစရာ အသည်းလဲ
မရှိတော့ဘူး .. မင်းပို့ဆောင်ပေးမဲ့ နှစ်သစ်တစ်ခုကို ပျော်ရွှင်စွာနဲ့ပဲ ရှက်ကီဖိတ်ပြီးသွားတော့မယ်
...ဟီး.းးး..... အားလုံးပဲကျေးဇူးတင်ပါတယ် .။
(ဘလော့မှာလည်းစာမရေးဖြစ်တာကြာသွားလို့ စိတ်ခံစားမှုတစ်ခုကိုရေးဖွဲ့ခြင်းဖြစ်ပါတယ်... အားလုံးပဲ ရောက်ရှိလာမဲ့
နှစ်သစ်တစ်ခုမှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံကြပါစေ...)

MERRY X'Mas .¸¸.

ပန်ကြားချက်

ကျွန်တော်လည်းစာမေးပွဲတွေရှိလို့ စာကိုမရေးနိုင်တော့ ဘူး ။စာမေးပွဲတွေ(၂၅.၁.၂၀၀၈) ထိဖြေနေရမှာဖြစ်ပါတယ် ။လာလည်သူအပေါင်းကို အထူပဲကျေးဇူးတင်ပါတယ်။ ဒီဇင်ဘာလရဲ့
နှင်းတွေကြားမှာ
ခေါင်းပူနေသူကတော့ ကျွန်တော်ပဲဖြစ်နေမလားပဲ။ စာမေးပွဲပြီးမှပဲ ဘလော့ကို အားရပါးရရေးပါတော့မယ် ..။ ပျော်ရွှင်ကြပါစေဗျာ...။lol

မိုးပေါ်တက်ချင်သူ


ပူပြင်းလာတဲ့ ရာသီဥတုနှင့်အတူ ရော်ရွက်ဝါတို့ကလည်း မြေပြင်ပေါ်ကို ဇွတ်အတင်း

ခုန်ဆင်းနေကြတယ် …။ "နေကလည်းအရမ်းပူတာပဲ လူနာတွေတော့မသိဘူး ငါတောင်

ပူလွန်းလို့ရူးချင်လာပြီ "သူနာပြူဆရာမတစ်ယောက်ရဲ့ပြောသံ….။နေရာကား--စိတ္တဇ

ဆေးရုံတစ်ရုံ ။

"နူတ်ခမ်းမွေးတွေကလည်း ထပ်ထွက်လာပြန်ပြီ နူတ်ခမ်းမွေးထပ်မထွက်အောင်လုပ်တဲ့နည်း

ပညာဆရာမဆီမှာ ရှိရင်ကျွန်တော့်ကိုပြောပြစမ်းပါ .."

စိတ္တဇဝေဒနာကိုယဉ်ယဉ်လေးခံစားနေရသူ ကျော်အောင်ရဲ့ သူနာပြုဆရာမလေးကိုမေးသံ..။

"အေးရှိတယ် ရော့အဲဒီဘလိပ်ဓားနဲ့ ထွက်လာတဲ့နူတ်ခမ်းမွှေးတွေကိုထိုင်ရိတ်နေ အဲဒါဆို

ထပ်ထွက်လာလည်း ပြသနာမရှိတော့ဘူး "


သူနာပြုဆရာမလေးရဲ့ပြောသံ……

အဲဒီအချိန်မှာ -- ကျော်အောင် ဘေးနားကစိတ္တဇရောဂါခံစားနေရသူ သူရအောင် က….

"ငါမိုးပေါ်တက်ချင်တယ် ငါအမြင့်ကိုရောက်အောင်တက်ချင်တယ် " ဆိုပြီး

အဆောင်အပြင်ကို ဒရောသောပါးပြေးထွက်သွားလေရဲ့ …… အနောက်ကတော့

သူနာပြုဆရာမလေးနဲ့ ဆရာဝန်တွေပါ ဗျာများကုန်တာကတော့ .. သူရအောင် က

ပိတောက်ပင်ကြီးရဲ့ အပေါ်ဆုံးကိုရောက်ရှိနေလို့ ..။

သူနာပြုဆရာမ --"သူရအောင် အောက်ကိုဆင်းလာခဲ့စမ်း ပြုတ်ကျရင်သေလိမ့်မယ်"

သူရအောင်---- "မဆင်းဘူးမိုးပေါ်ထိဆက်တက်ဦးမှာ လာမခေါ်နဲ့မဆင်းဘူး"

သူနာပြုဆရာမ --- "နင်မဆင်းလာရင် ငါ ခဲနဲ့ပေါက်မှာနော် "

သူရအောင် -- "ပေါက်ချင်ပေါက် မပေါက်ချင်နေမဆင်းဘူး"

အဲနောက် ဒေါက်တာ နေလင်းထပ်ရောက်လာပါတယ် ။ချော့ကာတစ်မျိုး ချောက်ကာတစ်ဖုံ

သူရအောင်ကို သစ်ပင်ပေါ်ကဆင်းခိုင်းတာ ဘယ်လိုမှသစ်ပင်ပေါ်ကဆင်းခိုင်းလို့ မရပေ ။

အဲဒီအချိန်မှာ ရောက်ရှိလာသူကတော့ စောနက နူတ်ခမ်းမွှေးမထွက်ချင်တဲ့ကိုယ်တော်

ကျော်အောင် .. … ကျော်အောင်မှာ လက်ထဲမှာသူနာပြုဆရာမပေးထားတဲ့ ဘလိပ်ဓားနှင့် …

ကျော်အောင်ပြောလိုက်သည့်စကား သည်ကား ..

"မင်းဆင်းလာမလား မဆင်းလာဘူးလား မင်းမဆင်းလာရင် ငါလက်ထဲကဓားနဲ့ သစ်ပင်ကို ခုတ်လိုက်

မှာနော် အဲဒါမှ မင်းအောက်ကိုရောက်မှာ…"

ကျော်အောင်မှာ သူ့လက်ထဲကဘလိပ်ဓားကိုလည်းပြပြီး သူရအောင်ကိုပြောလိုက်လေသည်..။

အဲဒီအချိန်မှာ သူရအောင်မှာ ခြေတုန် ချတုန် ဖြစ်လျှက်…

"အေး အေး သူငယ်ချင်း ငါအခုချက်ချင်းဆင်းလာပြီ သစ်ပင်ကိုဓားနဲ့တော့ မခုတ်လိုက်ပါနဲ့

ဆင်း …ဆင်းအခုဆင်းပါပြီ "

ငါပြောချင်တာ

လူတိုင်းကပြောတယ် မင်းအရမ်းဆိုးတယ်တဲ့..
တကယ်တော့ ငါဟာ....
လူအများအတွက်...
မကောင်းတာလုပ်နေသူမဟုတ်သူပါ.. ...........

လူတိုင်းကပြောတယ် မင်းလမ်းတွေက...
မဖြောင့်မတ်ဘူးတဲ့ .....
တကယ်တော့ ငါလျှောက်တဲ့လမ်းမကြီးက...
မင်းတို့ထင်သလောက် မကောက်ကွေ့ပါဘူး...
လူအများအတွက်အကျိုးပြုနေဆဲံပါ.........

လူတိုင်းကပြောတယ် မင်းကမချစ်တက်သူတဲ့ ....
တကယ်တော့ ငါဟာ...
အချစ်စစ်ကို မပိုင်ဆိုင်ခဲ့ရတဲ့...
အချစ်ငတ်လူတစ်ယောက်ပါ.........

ဘာပဲဖြစ်ဖြစ် လူတိုင်းကိုငါပြောချင်တယ်....
ငါလျှောက်တဲ့လမ်းကလည်း ဖြောင့်မတ်နေဆဲပါ....
မချစ်တက်သူလို့ဆိုချင်ဆို...
အချစ်တစ်ခုရှာဖို့ အချိန်မပေးနိုင်သူပါ......
...........လို့.......