အတွေးစများ


ပြောင်းလဲနေတဲ့လောကကြီးမှာ လူတွေဟာတစ်နေ့နဲ့တစ်နေ့ လောကဓံဆိုတဲ့အရာနဲ့ နှစ်ပါးသွားဖြတ်သန်း

ရင်ဆိုင်နေကြပါတယ် အရာရာအတွက်မျှော်လင့်ချက်တွေ ၊ရည်မှန်းချက်တွေနဲ့ ဘ၀ကိုရင်ဆိုင်ဖြတ်သန်းနေတဲ့
အချိန်မှာ အောင်မြင်မှုတွေရှိသလို ၊ကျဆုံးမှုတွေနဲ့ ရောပြီးခံစားနေတယ် ။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့

စကားတစ်ခွန်းလိုပေါ့ဗျာ "အကောင်းဆုံးကိုလည်း မျှော်လင့်ထားတယ် ၊အဆိုးဆုံးအတွက်လည်း....ပြင်ဆင်

ထားတယ် " ဆိုသလိုပေါ့ကိုယ်မျှော်လင့်ထားတဲ့အရာတစ်ခုကိုကြိုးစားတယ်ကြိုးစားတဲ့အတွက်အောင်မြင်မှု

ကိုမည်သူမဆိုပေါ့ လိုချင်ကြပါတယ် ။ ဒါလူတိုင်းပါပဲ ။ကြိုးစားလျှက်နဲ့ မဖြစ်လာတာတွေနဲ့ကြုံရင်စိတ်ပျက်ပြီး

တချို့ဆို့ရူးတဲ့ထိဖြစ်သွားတက်ကြပါတယ် ။

လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပေါ့ဗျာ

တချို့ တချို့သော

လူတွေကဘ၀တစ်ခုကို Plan တွေချပြီး

ငယ်ငယ်ကတည်းက မိဘတွေရဲ့ပံ့ပိုးမှုနှင့်အတူပေါ့ တစ်စိုက်မက်မက်ကြိုးစားတယ် ။ အောင်မြင်တယ် ....

မအောင်မြင်ဘူးဆိုတာတွေကတော့ ဒွန်တွဲပြီးလိုက်ပါနေတာပါ ..။တချို့ကြတော့ မကြိုးစားဘူး လိုချင်တဲ့

အဆင့်ကတော့ အမြင့်ဆုံးကိုလိုချင်တယ် ၊ အဲလူနှစ်ယောက်ကို ယှဉ်ကြည့်ရင်တော့ ကြိုးစားတဲ့သူကပဲ

မြင့်မားတဲ့အနေအထားကို ရောက်မှာပဲ ။ ဒါကတော့ ကျွန်တော်ပြောနေစရာမလိုဘူးထင်တယ် .......။

ဘာကြောင့်လဲ ... လူတွေပြောပြောနေကြတယ် အလုပ်တစ်ခုမအောင်မြင်ရင် ကံမကောင်ဘူး ....အောင်မြင်ရင်တော့ကံကောင်းတယ်ပေါ့ ... ။ကျွန်တော့်အမြင်ကတော့ ကံကိုမယုံဘူးမဟုတ်ပါဘူး ....

ကံကိုလည်းယုံပါတယ် .... ကံကို ၁၀၀ ရာခိုင်နူန်းမှာ ၃၄ ရာခိုင်နူန်း၊ ဥာဏ်ကို ၁၀၀ ရာခိုင်နူန်း မှာ

၃၃ ရာခိုင်နူန်း ၊ ကြိုးစားအားထုတ်မှုကို ၃၃ ရာခိုင်နူန်းထိပဲ ယုံကြည်နိုင်ပါတယ် ။ ဒါကြောင့် အရာရာအတွက်ပေါ့

ကံကိုပဲမပုံချပါနဲ့ ။ ကံမကောင်လည်း ဥာဏ်နဲ့ ၀ီရိယရှိရင် အောင်မြင်မှု အတွက် အောင်မှတ်ရနိုင်ကြောင်းတင်ပြရင်း .....

အဆုံးသတ်လိုက်ပါတယ် ... ။ပျော်ရွှင်ကြပါစေ…..
smile

စားသွားကြ ဦး
ကျွန့်တော့် သကောဆရာဝန်ကြီးကပြောတယ် .. အဟာရပြည့်ဝအောင် အသီးအနှံကို များများစားတဲ့ ..။ အခုတော့ ပေါ့ပေါ့ပါးပါးနဲ့ကျွန်တော့် ဘလော့ကို လာရော
က်တဲ့ သူတွေအတွက် အသီးအနှံလေးတွေကျွေးလိုက်ပါတယ်..။
စားသွားကြဦးနော်... ၀အောင်စား....razz

ကျွန်တော်တောင် မသိဘူး....

"ရယ်မောခြင်းသည်အသက်ရှည်ဧ။် "တဲ့ဟုတ်ပါတယ်… ။လူတိုင်းလူုတိုင်းဟာရယ်မောပျော်ရွှင်နေမှလူ့ဘ၀ဆိုတာပျော်စရာ သာယာချမ်းမြေ့စရာကောင်းမှာပါ ။

ကျွန်တော်လည်းလူတိုင်လူတိုင်းကို အပြုံးလေးနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဆက်ဆံချင်ပါတယ် ။လူသားအားလုံးဟာ အတ္တတွေ ၊မာန်မာနတွေ ၊လောဘမောဟတွေ ၊

ဝါဒအစွဲတွေနဲ့ပဲ လူ့ဘ၀ကိုကုန်လွန်နေကြပါတယ် ။တစ်ခါတစ်လေဆို အလုပ်များလွန်းလို့ ပြုံးဖို့တောင်မေ့နေတဲ့ အချိန်တွေကလည်းမနည်းပါဘူး. ။

ဒါကြောင့်ကျွန်တော့်ဘလော့ကို ဘယ်လိုပဲရောက်ရှိလာပါစေ အပြုံးလေးတွေကိုယ်စီနဲ့ ရယ်မောပျော်ရွှင်နိုင်အောင်ဟာသလေးတစ်ခု တင်ပြလိုက်ပါတယ်…။


တစ်ခါတုန်းကပေါ့ဗျာ…မြန်မာနိုငငံကိုလာလည်တဲ့ နိုင်ငံခြားသားတစ်ယောက် သူ့နာမည်ကမိုက်ကယ်တဲ့ ။နာမည်အရင်းတော့သေချာမသိပါဘူး…သေချာတာ

တစ်ခုကတော့ မိုက်ကယ်စကိုဖီးမဟုတ်တာသေချာတယ် ။ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်စကိုဖီးကအခုထိ ပနားမားထောင်ကမလွတ်သေးလို့ ..ဟီး………ဟီး ၊

အဲလိုပေါ့ဗျာ…နိုင်ငံခြားသားကရန်ကုန်မြို့မှာလျှောက်လည်ရင်းနဲ့ ရေဆာလို့အအေးဆိုင်တစ်ဆိုင်မှာ အအေးဝင်သောက်တယ် ။အဲဆိုင်မှာဖြစ်ချင်တော့ဆိုင်ပိုင်ရှင်

အဒေါ်ကြီးက သူ့ဆိုင်မှာအလုပ်လုပ်တဲ့ စာပွဲထိုးတဲ့ကလေးတွေက စာပွဲထိုးရင်းဆော့လိုက်တာ ဖန်ခွက်တစ်လုံးကျကွဲသွားတယ်တဲ့ ဗျာ..။အဲဒါကို အဒေါ်ကြီးက

မြင်တော့ကလေးတွေကိုဆူတာပေါ့ ဆူရင်းဆူရင်း နဲ့ ပွက်လာတာတော့မဟုတ်ဘူးပေါ့ ။ဒေါသထွက်လာတာပေါ့ အဲ.. အဒေါ်ကြီးပြောလိုက်တဲ့ နောက်ဆုံးစကားက "နင်တို့က ဆပ်ပြာသည် လင်ပျောက်" သလိုလုပ်နေတော့ ဖန်ခွက်ကကျကွဲတာပေါ့တဲ့...။အဲဒီစကားကိုနိုင်ငံခြားသားက ကြားပြီးဆိုင်ရှင်အဒေါ်ကြီးနားကပ်သွားတယ် ။ပြီးတော့ နိုင်ငံခြားသားက

"What mean is
ဆပ်ပြာသည်လင်ပျောက်.." လို့မေးလိုက်တယ်...။

အဲဆိုင်ရှင်အဒေါ်ကြီးကလည်း ခေသူတော့မဟုတ်ဘူးဗျ ။သူလည်း အင်္ဂလိပ်လိုတော့နည်းနည်းပါးပါးနားလည်တယ်။ အဲဒါနဲ့ အဒေါ်ကြီးက …

"ဆပ်ပြာသည်လင်ပျောက် is ဗြုတ်စဗျင်း နောင်း "

လုပ်တာကိုပြောတာပါလို့ ပြန်ပြောလိုက်တယ် ။ အဲဒီမှာ နိုင်ငံခြားသားက ပိုတိုင်ပတ်သွားတယ် ။ အဲဒါနဲ့…

"I don't know ဗြုတ်စဗျင်းနောင်း"

လို့ပြန်ပြောရော..။အဒေါ်ကြီးကလည်း …..

ဗြုတ်စဗျင်းနောင် is ရှပ်ပြာ ရှပ်ပြာ " "You understand ?"

လို့မေးလို့တယ် .။

"No , I don't know ."

နောက် အဒေါ်ကြီးက ..

"ရှပ်ပြာရှပ်ပြာ is ထွေလီ ကာလီ လေမသိဘူးလား"

လို့မေးတယ်..။ နိုင်ငံခြားသားကြီးကလည်း ထုံးစံအတိုင်းပဲ သူမှနားမလည်တာ ... နားမလည်ဘူးလို့ ပဲ အင်္ဂလိပ်လိုပြန်ပြောလိုက်တယ် ။ နောက်တော့ အဒေါ်ကြီးကလည်း စိတ်မလျှော့ဘူး ဆက်ရှင်းပြတယ်..။

"ထွေလီ ကာလီ is ထွေရာလေးပါး "

လို့ ပြောတယ်... ။ နိုင်ငံခြားသားကလည်း စိတ်ညစ်သွားပုံရတယ် .။ ဆက်မမေးတော့ဘူး ။ သူက အအေးကိုကုန်အောင်သောက်ပြီး ပိုက်ဆံရှင်းတော့ မှဆိုင်ရှင်အဒေါ်ကြီးကို ပြောလိုက်တဲ့ စကားက..

"ကျွန်တော်ကမြန်မာစာအထူးပြုနဲ့ ကျွန်တော့်နိုင်ငံက တက္ကသိုလ်မှာ ဘွဲ့ရလာတာပါ မြန်မာစာကို တော်တော်များများသိပါတယ် ဒါပေမယ့် ကျွန်တော့်ကိုသင်ပေးတဲ့ဆရာတွေကအမကြီးပြောသလိုစကားတွေကိုကျွန်တော့်ကိုမသင်ပေးလိုက်ဘူးဗျာ
ကျွန်တော်ကိုယ်တိုင်မလေ့လာမိဘူးဗျ တဲ့..။ ကျွန်တော်ထင်တယ်အမကြီးပြောတဲ့ စကားတွေကတော်တော်မြင့်လိမ့်မယ်ထင်တယ်
ကျွန်တော်တောင်နားမလည်ဘူး

တဲ့ ...။ သူလည်းစကားပြောပြီးတာနဲ့ ချက်ချင်းပဲအပြင်ကိုထွက်သွားတယ်။ဆိုင်ရှင်အဒေါ်ကြီးကတော့ ...... လမ်းမကို ငေးရင်း....တွေးရင်… တွေရင်း ငေးရင်း… …. နဲ့ ပဲ………………….
(ဒီလောက်ပါပဲ ဗျာ ပျော်ရွှင် ရယ်မောနိုင်ကြပါစေ ၊ မရယ်ရလည်း ကိုယ့် ဗိုက်သာကိုယ့် နှိပ်ရယ်ကြပါတော့ဗျာ... ဘာပဲဖြစ်ဖြစ်ရယ်ဖို့ကအရေးကြီးတယ်မဟုတ်လား... ဟီး..ဟီး)

သီချင်းများ

အခုတလောနားထောင်ဖြစ်တဲ့သီချင်းလေးတွေကိုဝေမျှလိုက်ပါတယ်။
သီချင်းလေးတွေကတော့ သီချင်းအေးလေးတွေပါပဲ။ အခုတလောလဲ ဘာဖြစ်နေလို့လဲတော့မသိဘူးပေါက်ကွဲသံစဉ်တွေကို နားထောင်လို့ကို
မရအောင်ဖြစ်နေတယ်။ အားလုံးကတော့အဲဒါ ... အလွမ်းဓာတ်ခံရှိလို့နဲ့
တူတယ်လို့ မှတ်ချက်ပေးကြမယ်နဲ့တူပါတယ်॥

Somebody's me

Sometime when we touch

Where is the love

Never be replaced

More than words

လူတစ်ယောက်ရဲ့ဘ၀မှာ မျှော်လင့်ချက်တွေနဲ့

ရှင်သန်နေတယ်ဆိုရင် ငါဟာဘာအတွက်ရှင်သန်နေတာလဲ..

ငါ့ဘ၀အတွက်မျှော်လင့်ခြင်းလမင်းလေးဟာမင်းဖြစ်ခဲ့ရင်…

လမင်းကိုအလှဆင်ပေးမဲ့ကြယ်လေးတစ်ပွင့်လောက်တော့ငါဖြစ်ချင်တယ်

လူတစ်ယောက်ရဲ့ဘ၀မှာ ခက်ခဲပင်ပန်းတဲ့အချိန်တွေရှိမယ်ဆိုရင်..

မင်းလေးဘ၀ရဲ့ ခက်ခဲပင်ပန်း၊မောဟိုက်နေတဲ့အချိန်မှာ …

ငါဟာမင်းလေးအတွက် ရေကြည်တစ်စက်လောက်တော့ယူဆောင်ပေးတဲ့သူဖြစ်ချင်သူပါ

မင်းလေးရဲ့မျှော်လင့်ခြင်းတွေ ၊မင်းလေးရဲ့ယုံကြည်ချက်တွေ

မင်းလေးရဲ့စိတ်ကူးတွေပြည့်စုံတဲ့အချိန်မှာ..

ငါဟာ မင်းလေးရဲ့အောင်မြင်မှုတွေ အတွက်….

ဟိုး….အဝေးတစ်နေရာကနေ လက်ခုပ်တီးအားပေးနေမှာပါ…

ဘာပဲဖြစ်ဖြစ် မင်းလေးကငါ့ရဲ့ကောင်းကင် ၊မင်းလေးကငါ့ဘ၀ရဲ့စေတမန်လေးပဲ..

အင်မတန်မှ အံ့သြဖွယ်ကောင်းတဲ့ နည်းပညာတွေပါ ။ယခု ဂျပန်နိုင်ငံက တီထွင်လိုက်တဲ့ အိတ်ကပ်ထဲကွန်ပြူတာထည့်သွားလို့ မဲ့နည်းပညာတွေပါ ။bluetooth technology ကိုသုံးထားတာပါ ။ဘောပင်ပုံစံဖြစ်ပါတယ် နရံတစ်ခု ၊ခုံတစ်လုံးရှိရင်အဆင်ပြေပါတယ် ။ သင့်အိမ်က ပီစီ နေရာတွေမှာအစားထိုးဝင်ရောက်လာတော့မှာပါ ။အဲဒီနည်းပညာနဲ့ ဂျပန်နိုင်ငံက ထုတ်လိုက်တာဟာ လက်တော့ပ်တွေကို တာ့တာ ပြတော့ပါမယ် ။








မျက်နှာမှာ ဖောက်ထားတာတွေကတော့ အားရတယ်နော်... စတိုင်ကျသွားအောင် အထက်ပါပုံတွေထဲကလို ဖောက်ကြည့်ကြပါလာ. ? :)

သင့်ကိုယ် သင်အဖြစ်ဆိုးလှပြီလို့ ထင်နေလား....







ကျွန်တော့်အားစိတ်ဓာတ်မကျအောင် အမြဲအားပေးပြီး ဒီပုံလေးတွေကို မေးလ်နဲ့ပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးအထူးတင်ရှိပါတယ်......

စကားခြောက်မျိုး


သင်သည်ဘယ်စကားမျိုးကို ပြောချင်ပါသလဲ....

(၁)မမှန် ၊အကျိုးမရှိ ၊သူတပါးမနှစ်သက်သော စကား

(၂)မမှန် ၊ အကျိုးမရှိ ၊သူတပါးနှစ်သက်သော စကား

(၃)မှန်ဧ။် ၊အကျိုးမရှိ ၊ သူတပါးမနှစ်သက်သော စကား

(၄)မှန်ဧ။် ၊အကျိုးမရှိ ၊သူတပါးနှစ်သက်သော စကား

(၅)မှန်ဧ။် ၊အကျိုးရှိဧ။် ၊ သူတပါးမနှစ်သက်သော စကား

(၆)မှန်၏ ၊အကျိုးရှိ၏ ၊သူတပါးနှစ်သက်သော စကား

အထက်ပါစကားခြောက်မျိုးအနက် နောက်ဆုံးစကား

နှစ်မျိုး (၅) နှင့် (၆) ကိုသာ

ပြောဆိုသင့်သည်ဟု ဘုရားရှင်က မိန့်ဆိုတော်မူခဲ့၏ ။

အလွမ်းရဲ့စေရာ

"အနောက်မှာနေရာ လွတ်တွေရှိပါတယ်॥ နေရာလွတ်တွေဆီကို သွားကြပါ...." ကားပေါ်စတက်တာနဲ့ ကားမောင်းအဖွားကြီးအသံကစကြားရတယ်... ။ ကားကလည်းတစ်စီးနဲ့တစ်စီးအလာ နည်းနည်းပျက်သွားတော့ ကျောင်းသားတွေကပုံသွားပုံရတယ်॥။ကျွန်တော်ကားမှတ်တိုင်ကိုရောက်တော့ ကားကရောက်နေပြီ အဆင်သင့်ကျသွားတယ်॥။ ဒီကားမှ မမှီရင်ကျွန်တော်လည်း ကျောင်းနောက်ကျတော့မှာ ။ ကားပေါ်တက်တဲ့လူကလည်း နည်းနည်းများနေတော့ နောက်ကိုပဲသွားရပ်နေလိုက်တယ် ထိုင်ခုံကလည်းပြည့်နေပြီလေ...။"မင်းသိလား မင်းနားလည်လား"...... "ဘာမင်းလည်း အခုမှစကားတွေလာပြောမနေနဲ့ ဘာကိုမှလည်း လာရှင်းပြမနေနဲ့।".. ကျွန်တော်လည်းဘာလဲဟပေါ့ လှည့်ကြည့်လိုက်တော့ ရုရှတစ်ယောက်နဲ့ ရုရှမတစ်ယောက်ပါ ...။ ကျွန်တော်လည်း တစ်ချိန်ကဒါမျိုးတွေကြားဖူးတယ်ပေါ့... အလုပ်တွေရူတ်နေ ကျောင်းသွားနေတဲ့ ကြားထဲက....လွမ်း....တဲ့ စိတ်တစ်ခုကိုဘာလို့ဖျောက်ဖျက်လို့ မရနိုင်တာလည်းဆိုတာကို ကျွန်တော့အတွက် အခက်ခဲဆုံးသောပုစ္ဆာတစ်ပုဒ် ဖြစ်ခဲ့တာလည်းကြာပါပြီ ။ဖြေလည်းမဖြေရှင်းနိုင်ဘူး ခြစ်ချပြီးရွေးချယ်ပိုင်ခွင့်လည်းမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ ။ ဝေးကွာခြင်းဆိုတဲ့ အရာတစ်ခုရဲ့နောက်မှာ အလွမ်းတွေကအမြဲလိုက်နေဦးမှာပါ ။ ချစ်မိသူတစ်ယောက်အတွက်နဲ့ အလွမ်းတွေထပ်ဖြစ်လာဦးမှာပါ।။ကျွန်တော်လည်းအတွေးတွေ နယ်ကျွံသွားတာဘယ်မှတ်တိုင်ရောက်လဲတောင်မသိတော့ဘူး...။ ဘေးကိုတစ်ချက်ကြည့်လိုက်တော့.............စောနက ကျွန်တော်တွေ့တဲ့ချစ်သူနှစ်ယောက်က အနမ်းတွေဖလှယ်လို့... ကျွန်တော်လည်းကြည့်ရဲဘူးပေါ့ ..ကျွန်တော်ကရှက်တက်တယ်လေ....း) ... အဲဒီ အနမ်းတွေကိုလည်း ကျွန်တော် (.......................... ) နေဦးမှာပါ.......