စီဘောက်စ်နှင့် ကျွန်တော်၏အမြင်

ကျွန်တော်လည်း ဒီရက်ပိုင်းမှာ ပို့စ်အသစ်တွေမတင်ဖြစ်ဘူး॥။ မအားတာလည်းပါတယ် ပြီးတော့ သူများတွေရေးတဲ့ ဘလော့တွေပဲလိုက်ဖတ်နေတယ်..။မနေ့တုန်းက...ဗျာ တရုတ်ကျောင်းသားတစ်ယောက်ကျွန်တော်ဆီကို လာလည်တယ် ၊ သူလာလည်တော့ ကျွန်တော်ကဘလော့တစ်ခုမှာရေးထားတဲ့ စာတွေကိုဖတ်နေတာ..။သူကမေးတယ်ဗျ.. မင်းဘာဖတ်နေတာလဲတဲ့..။ ကျွန်တော်က ငါတို့မြန်မာတွေရေးတဲ့ စာတွေကိုဖတ်နေတာလို့ ကျွန်တော်ပြန်ဖြေလိုက်တယ် ။ပြီတော့ဆက်မေးတယ် ... သူစီဘောက်စ်ကိုတွေသွားလို့ ဆက်မေးတာပါ..။ "အဲဒီဘောက်စ်လေးက ဘာဖြစ်လို့ထားထားတာလဲတဲ့ " ။ကျွန်တော်က ဘလော့ကိုလာရောက်လည်ပတ်တဲ့သူကို ဧည့်ခံခြင်းတစ်မျိုးပဲလို့ ။ငါတို့မြန်မာတွေရဲ့စိတ်ဓာတ်က ဧည့်သည်တစ်ယောက်ကို ကိုယ်တက်နိုင်တဲ့အရာတစ်ခုခုနဲ့ဧည့်ခံလိုက်ရမှ ကျေနပ်တယ်လို့..." အခုစီဘောက်စ်ကလည်း လာလည်သူတွေကို ဧည့်ခံထားတာလို့ ပြန်ဖြေလိုက်တယ် ။ သူကလည်း တော်တော်ကောင်းပါတယ်တဲ့ ။အရမ်းကိုမွန်မြတ်တယ် ဆိုတဲ့သဘောမျိုးပြောသွားတယ်..။အဲ ... ကျွန်တော်လည်းသကောင့်သားကို မရှိ ရှိတာနဲ့ဧည့်ခံလိုက်ရသေးတယ်...။ :))

ဒါပေမယ့် အဲဒီစီဘောက်စ်တွေမှာ မြန်မာတွေဘယ်လိုပြောထားတယ် ဘယ်လိုရေးထားတယ်ဆိုတာကို ကျွန်တော်မပြောပြခဲ့ပါဘူး ။ ပြောပြဖို့လည်းမလိုပါဘူး ။အခုတစ်လော ဘလော့တွေရဲ့စီဘောက်စ်မှာ လာရောက်လည်ပတ်သူတွေ ပြောထားတဲ့စာသားတွေက တော်တော်ရင့်သီးပြီး ရိုင်းစိုင်းစွာဆဲဆိုထားတာကို တွေ့နေရတယ်..။ ဝေဖန်တာ ၊အကြံပေးတာကို အားလုံးကလက်ခံနိုင်ပေမယ့် ဘုတောတာကိုတော့လက်ခံနိုင်မှာမဟုတ်ပါဘူး ။ အဲဒီလိုတွေရေးထားတော့ အေးအေးဆေးဆေးနဲ့လာရောက်ဖတ်ရူသူတွေ ကိုလည်းစိတ်မချမ်းမြေ့စရာတွေဖြစ်စေပါတယ် ။ ကျွန်တော်လည်း မြန်မာတွေရေးတဲ့ဘလော့တော်တော် များများကို ဖတ်ဖြစ်ပါတယ် ။ ဒါပေမယ့် ကွန်မန့်တို့စီဘောက်တို့မှာတော့ စာရေးသူကိုအားပေးတာ စတာနောက်တာလောက်ပဲ လုပ်ဖြစ်ပါတယ် ။ ဘလော့မှာစာရေးတယ်ဆိုတာလည်း ကိုယ်တိုင်ခံစားချက်တွေ ၊ယုံကြည်ချက်တွေ ၊ကိုယ့်မှာရှိတဲ့ပညာတွေ စာအုပ်စာပေတွေကိုဝေမျှဖို့ ရေးနေတာများပါတယ် .။ အဲလိုရေးနေတဲ့သူတွေကို ဆဲဆိုထားတာအင်မတန်မှ အောက်တန်းကျလွန်းအားကြီးတယ်လို့ထင်မိပါတယ်..။ ကျွန်တော်ထင်မြင်ချက်ကို စာဖတ်သူကိုတင်ပြခြင်းဖြစ်ပါတယ် ။ ကျွန်တော်လည်းနောက်လလောက်ဆို အားလပ်ချိန်ကတော့ အင်မတန်မှနည်းသွားတော့မှာပါ ။ကျွန်တော်ရဲ့အလုပ်ရူပ်ချိန်တွေ စတင်တော့မှာဖြစ်ပါတယ် ။ ကျွန်တော်လည်းအားတဲ့အချိန်တိုင်းတော့ ခံစားမိသမျှစာတွေကိုတင်ပေးသွားမှာပါ ။လာရောက်ဖတ်ရူ့သူအားလုံးကိုကျေးဇူးအထူး တင်ရှိပါတယ်...။

ငါ့ရဲ့...ခရီး...

အဆုံးမရှိတဲ့ ဒီခရီး...
မျှော်လင့်ချက်တစ်ခုနဲ့..
ငါလျှောက်လှမ်းခဲ့တယ် .........
မောဟိုက်နွမ်းလျ ပင်ပန်းချိန်မှာ
ဘယ်သူ......ရေကြည်တစ်စက်ဝေငှပါ့မလဲ
ငါလျှောက်တဲ့ ..လမ်း ..ညဉ့်နက်နေရင်
ဘယ်သူ....အလင်းပြပေးနိုင်ပါ့မလဲ....
ခံယူချက်တစ်ခုနဲ့ လျှောက်လှမ်းခဲ့တဲ့..ငါ
စွန့်လွှတ်ခြင်းကိုအခမဲ့ရခဲ့တယ်....
ငါဖောက်ခဲ့တဲ့ ဒီလမ်း....
ဖယောင်းခင်းခင်း ဆူးခင်းခင်း
ဖော်မပါ ငါ........လျှောက်နေမယ်....

တွေးမိတွေးရာ အချစ်...


"လေညာရပ်ကအချစ်..............." တဲ့စိုင်းထီးဆိုင်သီချင်းလေးပါ...ကျွန်တော်ဒီပို့စ်ကိုတင်မယ်လုပ်တုန်း စိုင်းထီးဆိုင်သီချင်းလေးက နားထဲကိုရိုက်ခတ်လာပါတယ်।။ အချစ်တစ်ခုဟာဘယ်လိုလဲ ဆိုတာကိုစဉ်းစားမိတယ်।။"အချစ်တစ်ခုကဖန်တီးယူလို့လည်းမရဘူး လွယ်လွယ်နဲ့ဖျတ်ဆီးပစ်လို့လည်းမရဘူး" လို့ကြားဖူးတယ် ။ တကယ့်အချစ်စစ်နဲ့ တွေ့ရင်တော့လူသားအားလုံးဟာ ရူးသွပ်အောင် ချစ်တက်ကြတယ်လို့လည်းကြားဖူးတယ် ।။တကယ်လက်တွေ့မှာရော အဲဒီလိုရောရှိရဲ့လားလို့လည်း တဆက်တည်းမှာစဉ်းစားမိတယ်။ စိုင်းထီးဆိုင် ရဲ့ "လေညာရပ်ကအချစ် "သီချင်းထဲကလို ဘယ်နေရာဘယ်ဒေသရောက်ရောက် အချစ်ရဲ့လေပြေလေညှင်းက အမြဲတမ်းချစ်သူနှစ်ဦင်္းရဲ့ ရင်ကိုတိုက်ခတ်နေသင့်တယ်॥လို့လဲထင်မိတယ်။ အဲဒီလိုပဲ ကျွန်တော်ဆိုတဲ့ကောင်က ဟိုဟိုဒီဒီလိုက်ပြီး တွေးနေမိတယ်...။
အပြင်ကို ငေးကြည့်လိုက်တော့ တ...ဖောင်း...ဖောင်းနဲ့ မီးပန်းတွေလွှတ်နေတာပါ။ လွှတ်တဲ့သူက သူ့ချစ်သူရဲ့မွေးနေ့မို့လို့လား သူ့ချစ်သူရဲ့ အမှတ်တရနေ့မို့လို့လားမသိဘူး।မီးပန်းလာလွှတ်တာပါ။ ကျွန်တော်ကရော မလွှတ်ဘူးလားလို့မေးရင်॥မလွှတ်ပါဘူး..။ရင်ခုန်ရမဲ့သူ မရှိသေးလို့..။အဲဒီလိုပြောလိုက်ရင် စာဖတ်သူကျွန်တော့်ကို အထင်ကြီးသွားမလားပဲ?ဘာမှလည်းမဆိုင်ဘူး......ဟီး...ဟီး..။ ဒီမှာက အဲဒီလိုပဲအမှတ်တရနေ့တစ်ခုခုရှိရင် အဆောင်ဘေးမှာ မီးပန်းလာဖောက်ကြတယ်။ မီးပန်းတွေကလည်း လှလိုက်တာဗျာ.........ဖွားကနဲ...ဖွားကနဲ..ပဲ။ အချစ်တစ်ခုကရော မီးပန်းတစ်ခုလိုပဲလား? အချစ်တစ်ခုက မီးပန်းတစ်ခုလွတ်တင်လိုက်သလို အရူးအမူးအရှိန်ပြင်းပြင်းချစ်တတ်ကြသလား...။ပြီတော့ မီပန်းတစ်ခုလှပစွာ ဖွာကျဲသလိုမျိုး အချစ်ကကြည်နူးမှုကိုပေးစွမ်းနိုင်သလား...။ ပြီတော့ မကြာတဲ့အချိန်မှာ မီးပန်းတစ်ခုလိုကောင်းကင်က ပျောက်ချင်းမလှပျောက်သွားတတ်ကြသေးလား...? အဲဒီလိုမှမဟုတ်ဘူးဆိုရင် အချစ်တစ်ခုကဘယ်လိုမျိုးလဲ ? ရူပဗေဒသဘောတရားလိုမျိုးလား ချစ်တဲ့သူကပေးတဲ့အချစ်လိုမျိုး အချစ်ခံရတဲ့သူကတန်ပြန်ပေးနိုင်မှလား ......ဘယ်လိုမျိုးလဲ...?

ကျွန်တော်အရမ်းးကြိုက်တဲ့သီချင်းရဲ့...

You were my everything


I need you and

I miss you and

I want you and

I love you ‘cause

I wanna hold you,

I wanna kiss you

You were my everything

And I really miss you


ဆော့ဝဲလ်လေးများ

ကျွန်တော် ဘလော့မှာစာမရေးဖြစ်တာ တော်တော်ကြာသွားတယ်...ဘာမှတော့မဟုတ်ပါဘူး အရူတ်တွေလုပ်နေလို့..။အခု ကျွန်တော်တင်မဲ့ ပို့စ်ကတော့ကျွန်တော် စုဆောင်းထားတဲ့ ဆော့ဝဲလ်လေးတွေကို ဒေါင်းလုပ်ဒ်ချနိုင်ဖို့ပါ..။ဒီဆော့ဝဲလေးကတော့ ဘေဘီရက်ပါ ပါ.။ ကလေးလေးတွေဟန်ချက်ညီညီကနေတဲ့ ဆော့ဝဲလ် လေးပါ..။ဒီမှာ ဒေါင်းလုပ်ဒ် ချနိုင်ပါတယ်။ အခုဆော့ဝဲလ်လေးကတော့ Happy Valentine's Day အတွက် နှင်းဆီပန်းပုံလေးနဲ့သံစဉ်လေးပါ .။ဒီမှာ ဒေါင်းလုပ်ဒ်ရယူနိုင်ပါတယ် .။ချစ်သူတွေချင်း ပေးမယ်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးကတော့ ကောင်းတယ် ။ကျွန်တော်ကတော့ပေးဖူးဘူး .. ထင်တာကိုပြောပြတာ ။မယုံရင်နေ မပြောပြဘူး..ဟဲ...ဟဲ..။ ဒီမှာ ဒေါင်းလုပ်ဒ်ချနိုင်ပါတယ် .။ အရက်မူးသမားကလမ်းလျှောက်တဲ့ ဆော့ဝဲလ်လေးပါ .။ရီရတယ်..ဒေါင်းလုပ်ဒ်ဒီမှာ ချနိုင်ပါတယ် ။နောက်တစ်ခုကတော့ ကလေးတစ်ယောက်က ချစ်စဖွယ်ရယ်မောနေတဲ့ ဆော့ဝဲလ်လေးပါ . ။ဒီမှာ ဒေါင်းလုဒ်ချပါ.။ သူရဲချောက်တဲ့ဆော့ဝဲလ် ။ကြောက်တတ်သူများမကြည့်ရ .. တကယ်ချောက်တာနော် .။ ဒီမှာ ဒေါင်းလုပ်ဒ်ချနိုင်ပါတယ်။ ဒါကတော့ နှင်းဆီပန်းတွေနဲ့ Destop ကိုလွှမ်းသွားတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီမှာ ဒေါင်းလုပ်ချပါ .။ ဒီလောက်ပါပဲ ။ဆော့ဝဲလ် သေးသေးလေးတွေတော့ရှိပါသေးတယ် ။နောက်မှထပ် တင်ပေးပါမယ်။

သတိချပ်စေချင်သည်

ကျွန်တော်မနေ့က စာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်။ စာအုပ်ကတော်တော်ကောင်းပါတယ် ဘာသာပြန်စာအုပ်တစ်အုပ်ပဲ။ အဲဒီထဲကမှ ကောင်းတဲ့စာပိုဒ်တစ်ပိုဒ်ကို တင်ပြလိုက်ပါတယ်။
...:ပညာတတ်တစ်ဦးကအခြား ပညာတတ်တစ်ဦး ကိုသော်လည်းကောင်း ၊ကဗျာဆရာတစ်ယောက်က အခြားကဗျာဆရာတစ်ယောက် ကိုသော်လည်းကောင်း မလိုမုန်းထားစိတ်တွေ ၀င်နေတတ်ပါသည် ။သူတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းမဆိုင်ချင်လောက်အောင်ပင် ဖြစ်နေတတ်ကြပါသည်။သို့သော်လည်း ကစားသမားတစ်ယောက်က အခြားကစားသမား တစ်ယောက်ကိုသော်လည်းကောင်း ၊အရက်သမားတစ်ယောက်က အခြားအရက်သမားတစ်ယောက်ကိုသော်လည်းကောင်း ရိုင်းပင်းကူညီတတ်ကြပါသည်။
...ပညာရှိတစ်ဦး အမှောင်ထဲတွင် ခလုပ်တိုက်လဲကျသွားလျှင် အခြားသော ပညာရှိတစ်ဦးက ထမလာနိုင်အောင် နှစ်ချက်လောက်ဆင့်ပြီး ကန်ကျောက်လိုက်တတ်ပါသည်။ သို့သော် သူခိုးများကားထိုသို့မဟုတ်ပါ။ သူခိုးတစ်ဦးက အခြားသူခိုးတစ်ယောက်အား အကာအကွယ်ပေးတတ်ပါသည်။လူတိုင်းမကောင်းမှုကို ရွံရှာကြသည်ဟုဆိုကြသည်။သို့သော် မကောင်းမှုကျုးလွန်နေသူများ သည်အချင်ချင်းအပြန်အလှန် လေးစားကြသည်။လူတိုင်းသည် ကောင်းသောအလုပ်ကို ချီးကျုးသော်လည်း ၊ ထိုကောင်းသောအလုပ်များကို လုပ်နေပါသည်ဟု ဆိုသည်ကပင် မနာလိုဝန်တိုစိတ်များ ဖြစ်ပွားလာတတ်ပါသည် ။
...သူခိုးတစ်ယောက်က အခြားသောသူခိုးတစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းဖြင့် မည်သည့်အကြိုးအမြတ်ကိုမျှ မရရှိသည့်အပြင် ဘ၀တူ လူတန်းစားတို့၏ အမျက်ထွက်ခြင်းကိုလည်း ခံရမည်ဖြစ်ပေသည်။ သို့သော်လည်း ပညာရှိတစ်ဦးသည် အခြားပညာရှိတစ်ဦးကို အနိုင်ရယူလိုက်ခြင်းအားဖြင့် မိမိအဖို့ ထင်ပေါ်ကျော်ဇောခြင်ဟူသော အမြတ်ကိုရရှိနိုင်ပေမည်။"